DVB Logo
Home
မြန်မာသတင်း
မတရားသင်းဆက်သွယ်မှုဖြင့် ဒုက္ခသည် ၄ ဦးကို ထောင်ဒဏ်ချမှတ်
DVB
·
November 15, 2013
မတရားသင်းဆက်သွယ်မှုဖြင့် ဒုက္ခသည် ၄ ဦးကို ထောင်ဒဏ်ချမှတ်
Donate to DVB

နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးနေစဉ်မှာပဲ ကချင်ပြည်နယ်မှာ  မတရား အသင်းနဲ့ ဆက်သွယ်မှုနဲ့ စစ်ရှောင်ဒုက္ခသည် ၄ ဦးကို  ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။

Myitkyinaနိုဝင်ဘာ ၁၅ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ် တရားရုံးတွေမှာ မတရားအသင်း ဆက်သွယ်မှုနဲ့ စွဲဆိုခံထားရသူ ၆ ဦးအနက် ၄ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်လို့ ရှေ့နေ ဦးမားခါးက ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လမှာ စတင်ပြီးတော့ မြစ်ကြီးနားခရိုင်နဲ့ မြို့နယ်ရုံးတွေက ပေါက်ကွဲမှု၊ မတရားအသင်း ဆက်သွယ်မှုတွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပြီး အခုချမှတ်လိုက်တဲ့ ထောင်ဒဏ်တွေကတော့ မတရားအသင်း ဆက်သွယ်မှုနဲ့ မြို့နယ် တရားရုံးက ချမှတ်လိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတဲ့သူတွေကတော့ ဦးလဖိုင်ဂမ်၊ ဦးဘရန်ရုန်း၊ ဦးဇော်ဘောက်၊ ဦးလရိန်တို့ ဖြစ်ပြီး ကချင်စစ်ရှောင် ဒုက္ခသည်တွေဖြစ်ပါတယ်။

သူတို့နဲ့အမှုတွဲဖြစ်တဲ့  တာလောကြီးကျေးရွာက ဦးလမာအောင်နဲ့ ဦးခယာနန္ဒတို့ ကတော့ ထောင်ဒဏ်ကနေ ကင်းလွတ်ခဲ့ပါတယ်။

ဒီကနေ့ စီရင်ချက် ချမှတ်ခံထားရသူတွေဟာ မြစ်ကြီးနားခရိုင် တရားရုံးက စွဲဆိုထားတဲ့ ပေါက်ကွဲမှု စွဲဆိုချက်တွေနဲ့ ဆက်လက် ရင်ဆိုင်ရမယ်လို့ ဦးမာခါးက ပြောပါတယ်။

ဦးမာခါးက “တရားစွဲဆိုတာ လုံးဝ မှန်ကန်မှုမရှိပါဘူ။ သူတို့ကို လမ်းမှာတွေ့ပြီး ဖမ်းဆီးပြီး လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းပြီးမှ သူတို့ကို စစ်ကြောခဲ့တယ်။ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါ့။ ဘယ်နေ့ဘယ်ရက်မှာ ကေအိုင်အေအဖြစ် ဆောင်ရွက်တယ်။ ဘယ်နေ့ဘယ်ရက် မြို့ပေါ်မှာ ဗုံးဖောက်ခွဲတယ်၊ အဲလို မတရား ရေးသားပြီးမှ တရားရုံးမှာ တရားစွဲတာ။ အခုက ၁၇/၁ နဲ့ အရင်အမိန့်ချတယ်။ ဖောက်ခွဲမှုတွေကတော့ ခရိုင်မှာ အမှုစွဲထားတော့ တပတ်ကို သုံးကြိမ်လောက် ရုံးချိန်းသွားနေရပြီး ငွေရေးကြေးရေးကလည်း အများကြီး ကုန်ကျတယ်။”

ယခင်ကလည်း ကချင်ပြည်နယ်မှာ ဒုက္ခသည်စခန်းမှာနေထိုင်ခဲ့တဲ့ လထော်ဘရန်ရှောင်ကို ကချင်လွတ်လပ်ရေး တပ်မတော်က အရာရှိ အဖြစ်စွပ်စွဲပြီး မတရား အသင်းနဲ့ ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို ဖမ်းဆီးထားစဉ်မှာလည်း နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိခဲ့တယ်လို့ လထော်ဘရန်ရှောင်က ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013