DVB Logo
Home
မြန်မာသတင်း
အီးယူ- မြန်မာ ဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ
DVB
·
November 15, 2013
အီးယူ- မြန်မာ ဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ
Donate to DVB

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ မြန်မာနဲ့ ဥရောပသမဂ္ဂ (အီးယူ)တို့ ပူးပေါင်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပါလီမန်ရေးရာ ဆွေးနွေးပွဲကို နေပြည်တော်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးနဲ့ လွှတ်တော်ရေးရာလုပ်ငန်းတွေ ပူးတွဲဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

[caption id="attachment_46545" align="alignright" width="300"]20131114-4-3 ဓာတ်ပုံ - ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်[/caption]

ဒီနေ့ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ အီးယူအကြီးအကဲ ကတ်သရင်း အက်ရှ်တန်တို့ သဘောတူညီချက် တချို့ကို လတ်မှတ်ရေးထိုးခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုကို ကျေးဇူးတင်တဲ့အကြောင်း၊ အပြောင်းအလဲတွေအတွက် အလုပ်အများအပြား လုပ်ဖို့ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

လက်မှတ်ရေးထိုးတဲ့အထဲမှာ ခရီးသွားလုပ်ငန်း၊ အသေးစား လုပ်ငန်း၊ ကုန်ကြမ်းနဲ့ သတ္တုတူးဖော်ရေး၊ ပါလီမန် အချင်းချင်း မိတ်ဖက် ပူးတွဲ အပြန်အလှယ် ဖလှယ်ရေး ကြေညာစာတမ်း စတဲ့ သဘောတူညီချက် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးရေးအတွက် အီးယူရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့  လက်မှတ်ရေးထိုးပွဲ တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။

အဲဒီနောက်မှာတော့ ၂ ဘက် လွှတ်တော် အကြီးအကဲတွေက သဘောတူညီချက်ကို လတ်မှတ်ရေးထိုးခဲ့ပြီး အီးယူနဲ့ မြန်မာ လွှတ်တော် အမတ်တွေက  ပါလီမန် ရေးရာဆွေးနွေးပွဲကို ကျင်းပခဲ့သလို အပြောင်းအလဲတွေနဲ့ ဖက်ဒရယ်စနစ်ကို ဆွေးနွေးခဲ့တယ်လို့ သူက အခုလို ပြောပါတယ်။

“ပါလီမန်ဆိုင်ရာ လက်မှတ်ရေးထိုးတဲ့ ကိစ္စမှာကတော့ အသေးစိတ် ဖော်ပြမထားပေမယ့် ဥရောပ ပါလီမန်နဲ့ မြန်မာ ပါလီမန်တွေကြားမှာ နောက်ပိုင်းမှာ အပြန်အလှန် ကူးလူးဆက်ဆံဖို့ အပြန်အလှန် ကူညီဖို့ နောက်ပိုင်းမှာ အဲဒီအချက်တွေ ပါလိမ့်မယ်လို့ ကျနော်ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လေ့လာသုံးသပ်တာတွေ လုပ်နေတာတွေရှိတယ်။ သို့သော် ကျနော်တို့မှာက ပြင်ဆင်ဖို့ ခက်လောက်အောင်ကို ၇၅ ရာခိုင်နှုန်းကျော် သတ်မှတ်ထားတယ်ပေါ့နော်။ အီးယူပါလီမန်အမတ်တွေကလည်း အရင်ကွန်မြူနစ်နိုင်ငံ တိုင်းပြည်တွေက အမတ်တွေဖြစ်တော့ ကျနော်တို့နဲ့ နည်းနည်းဆင်တယ်ပေါ့ဗျာ။ သူတို့ဆီမှာလည်း တချို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဖို့ ခက်နေတယ်လို့ သူတို့ပြောတယ်။ ဘာဖြစ်လို့ ခက်နေလည်းဆိုတော့ အနိုင်ရတဲ့ ပါတီက အမတ်တွေက မပြင်ချင်ဘူးပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့အတွက် လိုအပ်တဲ့မဲက သုံးပုံ နှစ်ပုံပဲ သတ်မှတ်ထားတာဗျ။ ကျနော်တို့ထက်တော့ ပိုပြီးတော့ လွယ်ပါတယ်။”

မွန်းလွဲပိုင်း  ကျင်းပတဲ့  နိုင်ငံရေးဖိုရမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်မင်းတို့ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး၊ မြေယာ၊ အခြေခံ ဥပဒေ ကိစ္စ  ဖွံ့ဖြိုတိုးတက်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ပြောင်းလဲမှု အများကြီးတော့ ကျနော်တို့ လုပ်ကြရအုံးမယ်။ ဒါပေမယ့် ဒီလိုမျိုး အီးယူလို လွန်ခဲ့တဲ့ ၄ နှစ်က ကျနော်တို့ကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ထားတယ်။ အခုကျနော်တို့ကို ကူညီတဲ့အနေနဲ့ အတူတူအလုပ်လုပ်ဖို့ ကြိုးစားနေတယ်။ ဒီလို ဖော်ရမ်လိုဟာမျိုးမှာ အားလုံးဝိုင်းပြီးတော့ မတူတဲ့ ရှုထောင့်ကနေ ဆွေးနွေးနိုင်တာက ရှေ့မှာ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုမှာလည်း ယဉ်ကျေးမှုအသစ်တခု လေ့ကျင့်မှုတခု စပြီးဆောင်ရွက်တဲ့ အလုပ်လို့ ကျနော်တို့နားလည်တယ်။”

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ အီးယူ- မြန်မာအထူး လုပ်ငန်းအဖွဲ့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွေကို   နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၁၅ ရက်အထိ  ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပနေတာဖြစ်ပါတယ်။

ရန်ကုန်မှာ ပြုလုပ်တဲ့  ဆွေးနွေးပွဲတွေမှာတော့ မြန်မာ့ပြည်  ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ပညာရေးလုပ်ငန်းတွေမှာ ဖွံ့ဖြိုးတိုးတက်စေဖို့  ၂၀၀၄ ခုနှစ်ကနေ ၂၀၂၀ပြည့်နှစ်ထိ နှစ်စဉ် ယူယိုငွေ သန်း  ၉၀   ကူညီပေးသွားမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013