DVB Logo
Home
မြန်မာသတင်း
အိုအိုင်စီအဖွဲ့ကို စစ်တွေဒေသခံများ ကန့်ကွက်ဆန္ဒပြ
DVB
·
November 15, 2013
အိုအိုင်စီအဖွဲ့ကို  စစ်တွေဒေသခံများ  ကန့်ကွက်ဆန္ဒပြ
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စားလှယ်တွေရဲ့ ရခိုင်ပြည်နယ်ခရီးအစ  စစ်တွေလေဆိပ်အရောက်မှာ ဒေသခံ သံဃာတော်တွေနဲ့ ပြည်သူ ထောင်နဲ့ချီ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

OICစစ်တွေမြို့မှာ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ ဒီနေ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး ခွင့်ပြုတာက  လူ ၅၀၀ ဖြစ်ပေမယ့် ဆန္ဒပြခဲ့ကြတာ ဒီထက်များတယ်လို့ ဆန္ဒပြတဲ့သူတွေကို စည်းကမ်းတကျ ဖြစ်အောင် လိုက်လံ ကြပ်မတ်ပေးခဲ့တဲ့ စစ်တွေမြို့က ဆရာတော်ဦးပညာသာမိက ခုလို မိန့်ပါတယ်။

“ကြွေးကြော်သံတွေ ကြွေးကြော်ပြီး စနစ်တကျဖြစ်အောင်လို့လည်း ဆရာတော်ကြီးတွေက ထိန်းသိမ်းပေးနေပါတယ်။ သံဃာက ၁၀၀ လောက်ပဲပါတယ်။ ကျန်တာက လူပုဂ္ဂိုလ်တွေပေါ့။ ”

အိုင်အိုင်စီအဖွဲ့ စစ်တွေလေဆိပ် ရောက်လာချိန် ကန့်ကွက် ဆန္ဒပြကြသူတွေထဲက ဦးဆောင်သူတဦးဖြစ်တဲ့  ဦးအောင်နိုင်က ဆန္ဒပြရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ခုလိုပြောပါ တယ်။

“ကျနော်တို့ အစိုးရကို တင်တဲ့အခါမှာ ကြွေးကြော်သံ မပါဘူး။ စီတန်းလှည့်လည်တာ မပါဘူးဆိုပြီးတော့ တင်တယ်ဗျ။ စုပြီး ငြိမ်သက်သွာ လက်ကိုင်ဆိုင်းဘုတ်တွေ ဗီနိုင်းတွေကို ကိုင်ပြီးတော့ ဆန္ဒပြမယ်ဆိုပြီး တင်တယ်။ တင်လို့ကျတဲ့အခါမှာ ကြွေးကြော်သံကို စပီကာနဲ့ အော်ပြီး ဗွီနိုင်းတွေ လက်ကိုင်ဘုတ်တွေ ကိုင်ပြီး ပြတယ်။ ကြွေးကြော်သံကတော့ အိုအိုင်စီ အလိုမရှိ ပေါ့နော်။”

စစ်တွေမြို့ မြို့မိမြို့ဖတွေ စုပြီး လိုလားချက်တွေ တောင်းဆို ရေးသားထားတဲ့ အိတ်ဖွင့်ပေး စာတစောင်ကိုလည်း အိုအိုင်စီအဖွဲ့ လက်ထဲ ပေးဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။

အိုင်အိုင်စီအဖွဲ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ်ပြန်ကြားရေးက ဦးဝင်းမြိုင်ကို ဆက်သွယ်မေးမြန်းရာမှာ “ဒီနေ့မနက် ၁၁ နာရီလောက် ရောက်လာတာပေါ့။ ပြီးတော့ ၀န်ကြီးချုပ်ကနေပြီးတော့ ဒီမှာ ဆောင်ရွက်ထားတဲ့ အကြောင်းတွေကို လေယာဉ်ကွင်း ဧည့်ခန်းမမှာ ရှင်းပြတယ်။ အဲဒီမှာ နာရီဝက်လောက် ရှင်းပြီးတော့ ရဟတ်ယာဉ်နဲ့ မောင်းတောဘက်ကို ကူးပါတယ်။ အဲဒီမှာက ခရိုင်အုပ်ချုပ်ရေးမှူးရုံး မှာ နှစ်ဘက်အဖွဲ့အစည်းက လူတွေနဲ့ တွေ့ပါမယ်။ အဲဒီကနေမှတခါ ပေါက်တောတို့ မြေပုံတို့ ဘက်ကို သွားပါမယ်” လို့ ပြောပါတယ်။

အိုအိုင်စီရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပရော်ဖက်ဆာ အယ်လ်မယ်လက်ဒင် အစ်ဆန်နိုဂလု (Professor Ekmeleddin Ihsanoglu) ခေါင်းဆောင်လာတဲ့အဖွဲ့မှာ အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံများဖြစ်တဲ့ တူရကီနဲ့ အင်ဒိုနီးရှား အပါအဝင် နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ လိုက်ပါလာကြပြီး နိုဝင်ဘာ ၁၃ ရက်ကထဲက ရောက်ရှိနေတာ ဖြစ်ပါတယ်။

အိုအိုင်စီအဖွဲ့ မြန်မာပြည် ရောက်နေချိန်မှာ ရန်ကုန်နဲ့ နယ်မြို့တချို့မှာ အဖွဲ့ရဲ့ ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013