DVB Logo
Home
နိုင်ငံတကာ
အယ်လ်ဆာလ်ဗေဒေါရှိ ဧရာမအကျဉ်းထောင်၌ လူဆိုးဂိုဏ်းဝင်များကို အွန်လိုင်းတရားခွင် ကြားနာ  
DVB
·
April 25, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အယ်လ်ဆာဗာဒေါနိုင်ငံမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဧရာမလုံခြုံရေးအကျဉ်းထောင် (CECOT) ထဲမှာ လက်ထိတ်၊ ခြေထိတ်ခတ်ထားတဲ့ အကျဉ်းသား ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေလို့ ယူဆရသူ ရာနဲ့ချီပါဝင်တဲ့ အွန်လိုင်းဗီဒီယိုတရားခွင်ကို ဧပြီ ၂၃ ရက်က ရုပ်မြင်သံကြား ဖန်သားပြင်ရှေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။  

အယ်ဆာဗေဒိုတရားရုံးဟာ MS-13  လို့ လူသိများတဲ့ မာရာဆာလ်ဗေထရူးချား ရာဇဝတ်ဂိုဏ်းရဲ့ ခေါင်းဆောင်ပိုင်း တရားခံ ၄၈၆ ယောက်ကို စတင်စစ်ဆေးနေတာပါ။ 

သူတို့ဟာ ၂၀၁၂ ကနေ ၂၀၂၂ ခုနှစ်အတွင်း  လူသတ်မှု၊ အမျိုးသမီးတွေကို သတ်ဖြတ်မှု၊ ခြိမ်းခြောက် ငွေညှစ်မှု၊ လက်နက်မှောင်ခိုမှု၊ လူပျောက်ကွယ်မှု အပါအဝင်  ရာဇဝတ်မှုပေါင်း ၄၇,၀၀၀ ကျော်ကို ကျူးလွန်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။ 

တရားခံတွေဟာ နယ်မြေစိုးမိုးရေးယူပြီး နိုင်ငံအတွင်း အပြိုင်အစိုးရဖွဲ့ဖို့ ကြိုးစားခဲ့တဲ့ အန္တရာယ်ရှိတဲ့ ရာဇဝတ် အဖွဲ့အစည်းခေါင်းဆောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

CECOT ထောင်ဒါရိုက်တာ ဘယ်လာမီနိုဂါစီယာ ကတော့ အခုရုံးထုတ်တဲ့သူတွေဟာ ရာဇဝတ် ဂိုဏ်းထဲမှာ အန္တရာယ်အရှိဆုံးသူတွေ ဖြစ်ပြီး MS-13 ရဲ့ သမိုင်းဝင် ခေါင်းဆောင်တွေ၊ ဂိုဏ်းခွဲ ခေါင်းဆောင်တွေ၊ ဂိုဏ်းပြောရေးဆိုခွင့်ရှိသူတွေဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း နာကျင်မှုနဲ့ ဝမ်းနည်း မှုတွေကို နှစ်ပေါင်းများစွာ ဖြစ်စေခဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။

ဒီတရားခွင်စစ်ဆေးမှုကို CECOT ထောင်ထဲမှာရှိတဲ့ အထူး ကြားနာခန်းတွေကနေ အဝေးထိန်း စနစ်နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်တာဖြစ်ပြီး တရားစီရင်မှုအဆင်ပြေစေဖို့ စနစ်တကျ စီမံထား တယ်လို့လည်း ဆိုပါတယ်။

ဒီတရားခံ ၄၈၆ ယောက်ကို အကျဉ်းထောင် ၅ ခုမှာ ခွဲထားပြီး၊ အများစုကတော့ CECOT မှာ ထိန်းသိမ်းခံထားရပါတယ်။

ဒီအကျဉ်းထောင်ဟာ သမ္မတ နာယစ်ဘ်ဘူကီလီအစိုးရက ၂၀၂၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ လုံခြုံရေး အမြင့်ဆုံး အဆောက်အအုံကြီးဖြစ်ပြီး အယ်လ်ဆာဗေဒေါရဲ့ ဂိုဏ်းစတား နှိမ်နင်းရေး စီမံချက်ရဲ့ သင်္ကေတ တခုလို ဖြစ်လာခဲ့ပါတယ်။ 

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီထောင်တွင်းအခြေအနေတွေဟာ လူမဆန်ဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

အကျဉ်းသားတွေကို နှိပ်စက်မှု၊  ၂၄ နာရီပတ်လုံး အမြဲတမ်း စောင့်ကြည့်ခံရမှု၊  ပြင်ပနဲ့ လုံးဝ အဆက်အသွယ် မရတဲ့အပြင် ရှေ့နေနဲ့ တိုင်ပင်ခွင့်တောင် မရရှိလို့ “လူ့ဂုဏ်သိက္ခာမရှိတဲ့ အခြေအနေ” လို့ စွပ်စွဲပြောဆိုထားကြပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013