DVB Logo
Home
မြန်မာသတင်း
မီးရှို့သတင်းကောလာဟလကြောင့် လားရှိုးမြို့မဈေးဆိုင်အများစု ပစ္စည်းများ အိမ်ပြန်သယ်
DVB
·
May 22, 2021
မီးရှို့သတင်းကောလာဟလကြောင့် လားရှိုးမြို့မဈေးဆိုင်အများစု ပစ္စည်းများ အိမ်ပြန်သယ်
1 / 5
Donate to DVB

လားရှိုး မြို့မဈေးကို မီးရှို့မယ်ဆိုတဲ့ ကောလာဟလသတင်း မေ ၂၁ ရက်ညကတည်းက ပြန့်နေတာကြောင့် မေ ၂၂ ရက်မှာ ဈေးထဲက ဆိုင်တော်တော်များများ ပစ္စည်းတွေကို အိမ်ပြန်သယ်နေကြတယ်လို့ ဈေးသယ်တစ်ဦးက ပြောပါတယ်။

"သူများတွေတော့ တစ်ဈေးလုံး ပစ္စည်းတွေ လာသယ်ယူကုန်ပြီ။ ကျမကတော့ ဘာမှ မသိမ်းသေးဘူး။ တစ်ဈေးလုံး သိမ်းကုန်လို့ ဈေးခေါင်းလိုက်ဆူနေတယ်။ ဟို Message တစ်ခုကြောင့်ပါ။ ဘယ်သူရေးထားလဲတော့ မသိဘူး။ လားရှိုးမြို့မဈေးကို မီးရှို့မယ်ဆိုတဲ့စာ မနေ့ကတည်းက ပြန့်နေတဲ့ စာကြောင့် တကယ်ဖြစ်လာမှာကြောက်လို့ ပစ္စည်းတွေ သယ်နေကြတာ။ တချို့တွေဆို ကား အကြီးအသေးနဲ့ သယ်နေကြတယ်။ ဒီနေ့မှ သယ်နေကြတာ။ မနေ့ညကတည်းက အဲဒီစာ ပျံ့နေလို့ ဒီနေ့ ပစ္စည်း သယ်နေကြတယ်။" 

ဈေးပတ်ပတ်လည် ကားတွေ၊ လမ်းတွေတောင် ပိတ်ကုန်တယ်လို့ ဈေးသည် နောက်တစ်ဦးက ပြောပါတယ်။

"ခုဏ ကျမ ထွက်လာတော့ လမ်းပိတ်ကုန်လို့ ဈေးခေါင်းက အဲဒီလိုလုပ်တာကြောင့် သရုပ် ပျက်ကာ ပိုဆိုးတယ်ဆိုပြီး အဝင်တွေကို အကုန် မောင်းထုတ်လိုက်တယ်။ အသစ်တွေလည်း မဝင်ခိုင်းဘူး။ ဈေးခေါင်းတောင် တံခါးဝနား ရောက်နေတယ်။" 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013