DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးတပ်အား ကုန်စည်ရောင်းသည်ဟု စွပ်စွဲပြီး ရွှေသောင်ယံအရပ်သား ၃ ဦး ဖမ်းဆီးခံရ
DVB
·
April 26, 2026
ရွှေသောင်ယံမြို့တွင် ရဲက အရပ်သားများကို စစ်ဆေးနေစဉ် (Photo : MV)
ရွှေသောင်ယံမြို့တွင် ရဲက အရပ်သားများကို စစ်ဆေးနေစဉ် (Photo : MV)
Donate to DVB

ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့က အရပ်သား ၃ ယောက်ကို တော်လှန်ရေးတပ်တွေဆီ ကုန်စည်တွေ ရောင်းချပေးတယ်လို့ စွပ်စွဲပြီး စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဧပြီ ၂၄ ရက်ညနေက ရွှေသောင်ယံမြို့နယ်၊ မကျီးဇင်ဒေသခံ အရပ်သား ၃ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက စွပ်စွဲပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “အိမ်ဆိုင်ရောင်းချတဲ့သူတွေပါ။ ကုန်စုံရောင်းချတဲ့ဆိုင်က အရပ်သားတွေကို ဖမ်းသွားတာ။ PDF တွေကို စားသောက်ကုန်တွေ ရောင်းပေးတယ်ဆိုပြီး ဖမ်းခဲ့တာ” လို့ပြောပါတယ်။

အသက် ၃၀ ကျော်အရွယ် ကိုမြင့်ကို နဲ့ အသက် ၂၅ နှစ်အရွယ် နောက် ၂ ယောက်ဖြစ်ပြီး ဆိုင်ရှင်အမျိုးသားတွေကိုပဲ ဖမ်းသွားတာလို့ ဆိုပါတယ်။

ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်က “ဘယ်မှာဖမ်းထားလဲတော့ မသိဘူး။ ဖမ်းတဲ့အထဲ ရဲတွေလည်း ပါတော့ ရဲစခန်းမှာ ဖမ်းထားတယ်လို့ပဲ ယူဆတယ်။ အဖမ်းခံရတဲ့သူတွေက ဈေးရောင်းချနေတာ ကြာပါပြီ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အရပ်သားတွေဟာ ဆန်နဲ့စားသောက်ကုန်တွေကို အိမ်ဆိုင်ဖွင့် ပုံမှန် ရောင်းချနေတာ ဖြစ်ပြီး ဧပြီလ ၂၅ ရက်ညနေပိုင်းအထိ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

စစ်တပ်နဲ့ ရဲတွေဟာ ရွှေသောင်ယံမြို့မှာ အကြောင်းအမျိုးမျိုးပြပြီး အရပ်သားတွေကို ဖမ်းဆီးနေသလို ပြီးခဲ့တဲ့ မတ်လပထမအပတ်ကလည်း အရပ်သား ၄ ယောက်ကို ဧည့်စာရင်း အကြောင်းပြ  ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013