DVB Logo
Home
မြန်မာသတင်း
မြန်မာ့နိုင်ငံရေးအကြပ်အတည်း ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာရန် RCSS တိုက်တွန်း
DVB
·
May 21, 2021
မြန်မာ့နိုင်ငံရေးအကြပ်အတည်း ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာရန် RCSS တိုက်တွန်း
Donate to DVB

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး နည်းလမ်းရှာဖွေဖြေရှင်းကြဖို့ ရှမ်းပြည်တပ်မတော် RCSS/SSA က ဒီကနေ့ကျရောက်တဲ့ ၆၃ နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ဟာ နိုင်ငံရေး ပြဿနာကိုနိုင်ငံရေးနဲ့ဖြေရှင်းတဲ့ နည်းလမ်းတစ်ရပ်သာဖြစ်လို့ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘဲ ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စုကို အပြည့်အဝတည်ဆောက်နိုင်မှသာလျှင် ပြဿနာအားလုံး ဖြေ ရှင်း နိုင်မယ်လို့လည်း ထုတ်ပြန်ပါတယ်။ 

ဒီကနေ့ ရှမ်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို RCSS/SSA ဌာနချုပ် လွိုင်တို င်းလျန်းမှာ အကျဉ်းချုံး ကျင်းပရာမှာ  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က “ ရှမ်းအမျိုးသားတော်လှန်ရေးဟာ ၆၃ နှစ်တိုင်ခဲ့ပေမယ့် မအောင်မြင်သေးတာဟာ အချင်း ချင်းစည်းလုံးညီညွတ်မှုမရှိတာ ၊ တကိုယ်ကောင်းဆန်တာ၊  သစ္စာမရှိတာတွေကြောင့်ဖြစ်ကြောင်း၊ အောင်မြင်တဲ့နိုင်ငံတွေကြည့်မယ်ဆိုရင် စစ်တပ်ရော ပြည်သူရော ညီညွတ်တယ် ရဲရင့်တယ်။ အတူတကွ ရင်ဆိုင်တိုက်ပွဲဝင်တယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေးနားလည်ဖို့လိုတယ်၊ အခက်အခဲဆိုတာ ကိုယ့်ကိုရဲရင့်စေတယ်၊  ကိုယ့်ရဲ့ အရည်အသွေးကိုမြှင့်တင်တယ်၊ မျိုးဆက်သစ်လူ ငယ်တွေဟာ မျိုးချစ်စိတ်ဓာတ်ထူထောင်ရေး အသိပညာရှိရမယ်၊ မိမိအရည်အချင်းကိုမြှင့်တင်ရမယ်၊ သမိုင်းကိုလေ့လာရမယ်၊ ရည်မှန်းချက်ခိုင်မာရမယ်၊ အချင်းချင်းစည်းလုံးညီညွတ်ရမယ်” လို့ ပြောကြားခဲ့ပါတယ်။ 

ဒီကနေ့အခမ်းအနားမှာ တော်လှန်ရေးကာလတွင်း အသက်ပေးခဲ့ရတဲ့ အာဇာနည်တွေကို ဂုဏ်ပြုခြင်း၊ လွမ်းသူပန်းခွေချတာနဲ့ ကျဆုံးစစ်သည်တွေအတွက်ရည်စူးကာ အလှူအတန်းနဲ့အမျှပေးဝေတာတွေ  ပြုလုပ်ခဲ့ပါတယ်။ 

ရှမ်းအမျိုးသားတော်လှန်ရေးနေ့ဟာ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့က  စဝ်နွဲ့  ခေါ် စဝ်ဆောယန္တ  ဦးဆောင်တဲ့ ရှမ်းမျိုးချစ်လူငယ် ၃၁ ဦးတို့ ပူးပေါင်းပြီး  မြန်မာစစ်အစိုးရကို တော်လှန်တိုက်ပွဲဝင်ဖို့  မိုင်းတုံမြို့နယ် တောတွင်းတနေရာမှာ သွေးသစ္စာရေသောက်ပြီး အဓိဋ္ဌာန်ခဲ့တဲ့နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013