DVB Logo
Home
မြန်မာသတင်း
ခန္တီး CDM ပညာရေးဝန်းထမ်း ၁၆၂ ဦး အလုပ်တာဝန်မှ ယာယီရပ်ဆိုင်းခံရ
DVB
·
May 21, 2021
ခန္တီး CDM ပညာရေးဝန်းထမ်း ၁၆၂ ဦး အလုပ်တာဝန်မှ ယာယီရပ်ဆိုင်းခံရ
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် ပညာရေးဆရာ၊ ဆရာမ ၁၆၂ ယောက်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းကြောင်း အကြမ်းဖက်စစ်ကောင်စီက မေလ ၁၄က်‌က ထုတ်ပြန်ခဲ့ပါတယ်။

အလုပ်က ယာယီရပ်နားခံလိုက်ရတဲ့ ဆရာ၊ ဆရာမတွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့အတွက် CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီကတော့ ဒီလို အလုပ်က ယာယီရပ်ဆိုင်းရတာဟာ ခွင့်စည်းကမ်း ကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀)နည်းဥပဒေခွဲ(က)နဲ့ နည်းဥပဒေ ၁၇၃ နည်းဥပဒေခွဲ (ခ) အရ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ပညာရေးမှူးက အလုပ်တာဝန်မှရပ်နားကြောင်း မေလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ခန္တီးမြို့နယ် CDM မှာပါဝင်တဲ့ ပညာရေးဆရာ ဆရာမ ၁၄၆ ဦးနဲ့ ရုံးဝန်းထမ်း ၁၆ ဦး တာဝန်ကနေ ယာယီရပ်ဆိုင်းခံလိုက်ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013