DVB Logo
Home
မြန်မာသတင်း
အမေရိကန်သမ္မတဟောင်း အသွင်ကူးပြောင်းရေးအတွေ့အကြုံ ဟောပြော
DVB
·
November 14, 2013
အမေရိကန်သမ္မတဟောင်း အသွင်ကူးပြောင်းရေးအတွေ့အကြုံ ဟောပြော
1 / 2
Donate to DVB

အမေရိကန်ပြည်ထောင်စုက ကလင်တန်ဖောင်ဒေးရှင်း ထူထောင်သူ ဘီကလင်တန်ဟာ ရန်ကုန်မြို့မှာ ဒီကနေ့ ညနေပိုင်းက နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို တွေ့ဆုံပြီး နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွေ့အကြုံကို ဟောပြောပါတယ်။

US2 copyအမေရိကန်နိုင်ငံရဲ့ သမ္မတဟောင်းလည်းဖြစ်/ ကလင်တန်ဖောင်ဒေးရှင်းကို ထူထောင်သူဖြစ်တဲ့ ဘီလ်ကလင်တန်ဟာ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်မှာ  နိုင်ငံရေးနဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကဏ္ဍမှာ နိုင်ငံခေါင်းဆောင်တွေရဲ့ ရပ်တည်မှု၊ နိုင်ငံရေး အသွင်ကူးပြောင်းမှုနဲ့ ပတ်သတ်ပြီး သူရဲ့အတွေ့အကြုံတွေကို ဟောပြောဆွေးနွေးခဲ့တာပါ။

အသွင်ကူးပြောင်းနေတဲ့ လှုမှုဝန်းကျင်တခုနဲ့ အားလုံးပါဝင်နိုင်ပြီး အားကောင်းမောင်းသန် နိုင်ငံရေးယဉ်ကျေးမှုတခုကို တည်ဆောက်ဖို့ စိန်ခေါ်မှုတွေရှိနေတဲ့ ကာလမျိုးမှာ အရပ်သားလို တွေးခေါ်စဉ်းစားတဲ့ နိုင်ငံခေါင်းဆောင်တွေ အရေးတကြီး လိုအပ်နေတယ်ဆိုတာကိုလည်း ပြောဆိုသွားပါတယ်။

မတူညီကွဲပြားတဲ့ အုပ်စုတွေကြားမှာ သဟဇာတမျှမျှနဲ့ အတူယှဉ်တွဲနေထိုင်သင့်တယ်လို့ ဟောပြောသွားပြီး လက်ရှိအစိုးရရဲ့အသွင်ကူးပြောင်းရေးဆောင်ရွက်ချက်တွေမှာ ချီးကျူးပြောဆိုခဲ့ပါတယ်။

မစ္စတာ ကလင်တန်ရဲ့ ခရီးစဉ်ဟာ မြန်မာပြည်သူတွေရဲ့ အဓိကလိုအပ်ချက်တွေကို ဖြည့်တင်းနိုင်မယ်လို့ ယူဆကြောင်းနဲ့ မြန်မာပြည်သူတွေအတွက် ရာနှုန်းပြည့်အကျိုးရှိနိုင်လိမ့်မယ်လို့  မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာကျော်ရင်လှိုင်က ပြောပါတယ်။

အဲဒီဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နိုင်ငံရေးပါတီတွေနဲ့ လှုမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတဟောင်း ဘီကလင်တန်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013