Home
မြန်မာသတင်း
ပခုက္ကူမြို့က CDM မြန်မာ့မီးရထားဝန်ထမ်း နောက်ထပ် ၂၉ ဦး တာဝန်မှ ရပ်ဆိုင်းခံရ
DVB
·
May 20, 2021
185323407_2587057458262366_1794712220942469143_n

မြန်မာ့မီးရထား စက်မှုနဲ့ လျှပ်စစ်အင်ဂျင်နီယာဌာန တိုင်းအမှတ် (၁၀) ပခုက္ကူ လက်အောက်မှာရှိတဲ့ CDM  ဝန်ထမ်း နောက်ထပ် ၂၉ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ကနေ ယာယီရပ်နားလိုက်ပါတယ်။

မီးရထားဝန်ထမ်း ၂၉ ယောက်ကို ခွင့်မဲ့ပျက်ကွက်တာကြောင့် တာဝန်ကနေယာယီ ရပ်နားလိုက်တယ်လို့မေလ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ အင်ဂျင်နီယာမှူးလက်မှတ်နဲ့ စာထွက်လာတာဖြစ်ကြောင်း မီးရထားဝန်ထမ်း တစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကလည်း  တိုင်းအမှတ် (၁၀) ပခုက္ကူက ဝန်ထမ်း ၅၈ ယောက် ခွင့်မဲ့ပျက်ကွက်လိုဆိုပြီး တာဝန်ကနေ ယာယီရပ်နားခံခဲ့ရပြီး အခု နောက်ထပ် ၂၉ ယောက်နဲ့ပါဆိုရင် အလုပ်ရပ်နားခံရသူ  စုစုပေါင်း ၈၇ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

ပခုက္ကူမီးရထားဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့က စလို့  အာဏာဖီဆန် CDM ပြုလုပ်တာဖြစ်ပြီးတော့ အဲဒီလကတည်းက လစာမယူတော့ဘူးလို့ ပြောပါတယ်။

ပခုက္ကူတိုင်းအမှတ် ၁၀ မီးရထားဝန်ထမ်းအားလုံးကတော့ ဘယ်လိုအခက်ခဲရှိနေပါစေ စစ်အာဏာရှင်ပြုတ်ကျပြီး၊ ဒီမိုကရေစီရရှိတဲ့ အဆုံးထိ CDM ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024