DVB Logo
Home
မြန်မာသတင်း
လှိုင်မြို့နယ်တွင် ကြက်ခြေနီ လူနာတင်ကား ၁ စီး မီးပုလင်းဖြင့် အပစ်ခံရ
DVB
·
May 19, 2021
လှိုင်မြို့နယ်တွင် ကြက်ခြေနီ လူနာတင်ကား ၁ စီး မီးပုလင်းဖြင့် အပစ်ခံရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်မှာ ကြက်ခြေနီ လူနာတင်ကား တစ်စီး မီးပုလင်းနဲ့ ပစ်ခတ်ခံရလို့ မီးလောင်ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီမနက်ပိုင်း ၇ နာရီခွဲလောက်က ဖြစ်ခဲ့တာဖြစ်ပြီး  မီးလောင်ပျက်စီးခဲ့တဲ့ ကားဟာ လှိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲပိုင် ကြက်ခြေနီ လူနာတင်ယာဉ်ဖြစ်ပါတယ်။

ခုလို မီးလောင်ပျက်စီးခဲ့တာကြောင့် အရေးပေါ်လူနာသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နိုင်ကြောင်းနဲ့ အသင်းဌာနချုပ်အနေနဲ့ အသင်းခွဲရဲ့ လူမှုကရုဏာလုပ်ငန်းတွေ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်စေဖို့ စီစဉ်နေပြီး ပြည်သူလူထုအနေလည်း အလားတူဖြစ်စဉ်တွေ မပေါ်ပေါက်နိုင်စေဖို့ ဝိုင်းဝန်းစောင့်ရှောက်နိုင်ဖို့ မေတ္တာရပ်ခံထားပါတယ်။

မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူဘက်က ရပ်တည် ပါဝင်ကူညီပေးနေတဲ့  ကြက်ခြေနီအသင်းဝင်တွေ ကယ်ဆယ်ရေး ပရဟိတဝန်ထမ်းတွေ တိုက်ခိုက်ခံရတာတွေ၊ လူနာတင်ယာဉ်တွေ ဖျက်ဆီးခံရတာတွေ ရှိခဲ့ပါတယ်။

ကြက်ခြေနီအသင်းရဲ့ မတ် ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုထဲမှာတော့ မြန်မာနိုင်ငံ မြို့ကြီးတချို့မှာ နိုင်ငံတကာအသိအမှတ်ပြု ကြက်ခြေနီအလံနဲ့ အသင်းရဲ့ အရေးပေါ် လူနာတင်ယာဉ်တွေ ဖျက်ဆီးခံရတာတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင် စေတနာလုပ်အားရှင်တွေ တိုက်ခိုက်ခံရတာတွေ၊ မှားယွင်းဖမ်းချုပ်ခံရတာတွေ ရှိနေတယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013