DVB Logo
Home
မြန်မာသတင်း
အာဆီယံဒေသတွင်း တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁၆,၆၀၀ ကျော်ရှိ
DVB
·
May 19, 2021
အာဆီယံဒေသတွင်း တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁၆,၆၀၀ ကျော်ရှိ
Donate to DVB

အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ တရက်အတွင်း ရောဂါကူးစက်မှုအသစ် ၁၆,၆၂၉ ယောက် ရှိခဲ့ပြီးနောက် ဒေသတွင်း ရောဂါကူးစက်ခံရသူပေါင်း ၃ ဒသမ ၇၂ သန်းထိ ရှိလာခဲ့ပြီလို့ သည်နေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

သေဆုံးမှုအသစ်အနေနဲ့ ၃၆၆ ယောက်ရှိခဲ့ပြီး ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူး စက်ခံရပြီး သေဆုံးသူပေါင်း ၇၃,၉၃၄ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ တရက်တည်း ကူးစက်မှုအသစ် ၄,၁၈၅ ယောက်နဲ့ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရသူ ၁ ဒသမ ၇ သန်းကျော်၊ သေဆုံးမှုအသစ် ၁၇၂ ယောက်နဲ့ စုစုပေါင်း သေဆုံးသူ ၄၈,၄၇၇ ယောက် ရှိနေပါတယ်။

သူ့နောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ စုစုပေါင်း ၁၉,၀၀၀ ကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက် တတိယမြောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူစုစုပေါင်း ၄ သိန်း ၇ သောင်းကျော်၊ သေဆုံးသူ စုစုပေါင်း ၂,၀၀၀ နီးပါးနဲ့ ရှိနေတာ ဖြစ်ပါတယ်။

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံ မှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁ သိန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ စုစ ပေါင်း ၆၄၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စင်ကာပူနိုင်ငံက ရောဂါကူးစက်ခံရသူစုစုပေါင်း ၆၁,၀၀၀ ကျော်၊ သေဆုံးသူ စုစုပေါင်း ၃၁ ယောက်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၂,၀၀၀ ကျော်၊ သေဆုံးသူ စုစုပေါင်း ၁၅၆ ယောက် ရှိနေတာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၄,၅၀၀ ကျော်၊ သေဆုံးသူ စုစုပေါင်း ၃၇ ယောက် ရှိနေတာ ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁,၆၀၀ ကျော်၊ သေဆုံးသူ ၂ ယောက် ရှိနေတာ ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်မှုအသစ်မရှိပဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူစုစုပေါင်း ၂၃၂ ယောက်၊ သေဆုံးသူ ၃ ယောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013