DVB Logo
Home
မြန်မာသတင်း
ပန်းဘဲတန်းလွှတ်တော်အမတ် ရုတ်တရက် သေဆုံး
DVB
·
November 14, 2013
ပန်းဘဲတန်းလွှတ်တော်အမတ် ရုတ်တရက် သေဆုံး
Donate to DVB

ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဟာ နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ရုတ်တရက်လဲကျပြီး သေဆုံးသွားပါတယ်။

U Aung San Mpဦးအောင်ဆန်းဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပန်းဘဲတန်း မြို့နယ်မဲဆန္ဒနယ်က ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။

နေပြည်တော်ဘောလုံးကွင်းမှာ  ဖြစ်ခဲ့တဲ့ ပရိသတ်ရဲ့ ရမ်းကားမှုမျိုးမဖြစ်အောင် လာမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ   လုံခြုံရေးဆောင်ရွက်ထားရှိမှုနဲ့ ပတ်သက်ပြီး မေးခွန်းကို မေးရင်းနဲ့  အဖြေတွေကို သက်ဆိုင်ရာ အားကစားဒုဝန်ကြီး ဦးသောင်းထိုက်က လာရောက်ဖြေကြားအပြီးမှာ နှလုံးခုန်ရပ်ပြီး ထိုင်ခုံမှာ အသက်ဆုံးသွားတာလို့ ဒီကနေ့ လွှတ်တော်တက်တဲ့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

သူ့ရုပ်ကလာပ်ကို နေပြည်တော် ကုတင်တထောင်ဆေးရုံမှာ ပို့ဆောင်ထားပြီး မိသားစုရဲ့ စီမံမှုအတိုင်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013