DVB Logo
Home
မြန်မာသတင်း
မွန်နှစ်ပါတီ တပါတီတည်းပေါင်းပြီး မှတ်ပုံတင်မည်
DVB
·
November 14, 2013
မွန်နှစ်ပါတီ တပါတီတည်းပေါင်းပြီး မှတ်ပုံတင်မည်
Donate to DVB

မွန်ပြည်နယ်အခြေစိုက် မွန်တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့  မွန်ဒီမိုကရေစီပါတီ နဲ့   မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့  ပါတီသစ်တစ်ခုအဖြစ် ပူးပေါင်းပြီး တပါတီအဖြစ် မှတ်ပုံတင်မယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

[caption id="attachment_46457" align="alignright" width="300"]ဒေါက်တာ မင်းစိုးလင်း ဒေါက်တာ မင်းစိုးလင်း[/caption]

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက “ကျနော်တို့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ   ပါတီ ဘယ်လို ပူးပေါင်း သွားမလဲဆိုတာ လုပ်မယ်။  အဲဒီကနေ ပါတီရဲ့ အလံ၊ ပါတီလုပ်ငန်းစဉ်၊ ရည်ရွယ်ချက်၊ လိုဂို (အမှတ်တံဆိပ်)တွေ စသဖြင့် လူအယောက် ၃၀ ကနေပြီး  လျှို့ဝှက်မဲနဲ့ ပြန်ရွေးချယ်ပြီးတော့  နှစ်ပါတီကို တပါတီဝင်အဖြစ်နဲ့  ရွေးကောက်ပွဲ ကော်မရှင်ကိုတင်ဖို့တော့ ဆုံးဖြတ်ချက်ကျတယ်” လို့ ပြောပါတယ်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း ပါတီပူးပေါင်းဖို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

“မွန်တပါတီတည်းဖြစ်ဖို့ မွန်သံဃာတော်တွေ၊ မွန်ပြည်သူ တရပ်လုံးက အလိုရှိနေတာကိုး။ ဆိုတော့ နှစ်ပါတီ တပါတီဖြစ်ဖို့တော့လိုတယ်။ လာမယ့် ၂၀၁၅ မှာ မွန်ကိုယ်စားလှယ်များများ ရမှသာလျှင် မွန်ပြည်နယ် လွှတ်တော်မှာ အာဏာသုံးရပ်ဆိုတဲ့ ဥပေဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှာတော့ ကိုယ့်လူမျိုးအတွက် ကိုယ်ရပ်တည်နိုင်မယ့်အနေအထား ကိုယ့်လုပ်နိုင်မယ့် အနေအထားဖြစ်လာမှာပေါ့။”

မွန်နှစ်ပါတီ ပေါင်းစည်းရေးကို ၂၀၁၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကတည်းက  စတင်ညှိနှိုင်းခဲ့ကြခြင်းဖြစ်ပြီး အခုမှ ဆုံးဖြတ်ချက်ချနိုင်ခဲ့တာပါ။

မွန်ဒီမိုကရေစီပါတီဟာ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကာလမှာ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နဲ့ ပါတီထူထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပါတီအဖြစ် ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ မေလ ၃၀ ရက်မှာ  မွန်ဒီမိုကရေစီပါတီ အမည်ဖြင့် ပြန်လည်တည်ထောင်ခွင့် ရရှိခဲ့ပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကတော့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ထူထောင်ပြီး ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013