DVB Logo
Home
မြန်မာသတင်း
ရေကြည်မြို့နယ်က CDM ပညာရေးဝန်ထမ်း ၁၃၄ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ
DVB
·
May 18, 2021
ရေကြည်မြို့နယ်က CDM ပညာရေးဝန်ထမ်း ၁၃၄ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က CDM ပြုလုပ်နေတဲ့ ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း ၁၃၄ ယောက်ကို စစ်ကောင်စီက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

သင်ကြားရေးနဲ့ စီမံဝန်ထမ်း ၁၃၄ ယောက်ဟာ ခွင့်စည်းကမ်းကိုဖောက်ဖျက်ပြီး တာဝန်ချိန်ပျက်ကွက်နေတာကြောင့် မေ ၇ ရက်ကစလို့ တာဝန်ကရပ်ဆိုင်းတာလို့ စစ်ကောင်စီလက်အောက်ခံ တိုင်းပညာရေးမှူးက မေလ ၇ ရက်နေ့မှာ  ထုတ်ပြန်ပါတယ်။

တာဝန်ကနေရပ်ဆိုင်းခံရသူ‌‌တွေအထဲမှာ အထက်တန်းပြ ၁၈ ယောက်၊ အလယ်တန်းပြ ၇ ယောက်၊ မူလတန်းကျောင်းအုပ် ၁၅ ယောက် ပါဝင်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေကို ဇွန်လဆန်းမှာ ပြန်ဖွင့်ဖို့ စီစဉ်နေသလို   CDM ဆရာဆရာမတွေကိုလည်း ဖမ်းဆီးတာ၊ အမှုဖွင့်တာ၊ အလုပ်ရပ်နားတာ၊  အလုပ်ပြန်လုပ်ဖို့ ဖိအားပေးတာ ခြိမ်းခြောက်တာစတဲ့ နည်းမျိုးစုံနဲ့ ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013