DVB Logo
Home
Lead Story
၅ ရက်အတွင်း ယာယီ ကုမ္ပဏီလိုင်စင်ကတ် ထုတ်ပေးမည်
DVB
·
November 14, 2013
၅ ရက်အတွင်း ယာယီ ကုမ္ပဏီလိုင်စင်ကတ် ထုတ်ပေးမည်
Donate to DVB

ကုမ္ပဏီ ထူထောင်လိုသူတွေကို ၅ ရက်အတွင်း ယာယီ ကုမ္ပဏီလိုင်စင်ကတ် ထုတ်ပေးသွားမှာ ဖြစ်ပြီး ဒီကတ်ကို တရားဝင် ထူထောင်ထားတဲ့ ကုမ္ပဏီ လိုင်စင်ကတ်အဖြစ် အသုံးပြုနိုင်မယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ဦးစီးဌာနရဲ့ ညွှန်ချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

Bussinessဦးစီးဌာနအနေနဲ့ ကုမ္ပဏီတခု တည်ထောင်ရင် လိုင်စင်ရဖို့ ၂ လလောက် ကြာမြင့်နေတာ ကို ပြင်ဆင်ဖို့ လုပ်နေသလို ကြားကာလမှာ ကုမ္ပဏီ တည်ထောင်ရေးကိစ္စ ခုလို ဖြေလျော့ တာတွေ လုပ်ပေးတာလို့ ရှင်းပြပါတယ်။

ဒီမတိုင်ခင်တုန်းကလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ကုမ္ပဏီတွေ မှတ်ပုံတင်ရင် ဖော်ပြရမယ့် ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ သတ်မှတ်တာကို ပယ်ဖျက်ပေးခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားကုမ္ပဏီ ၂ ထောင်ဝန်းကျင်၊ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ၃ သောင်း ၇ ထောင် နီးပါးနဲ့ အများပိုင်ကုမ္ပဏီ ၁၀၈ ခု မှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013