DVB Logo
Home
Lead Story
မြန်မာ့အကြီးဆုံး စက္ကူစက်ရုံ ထိုင်း Double A ကုမ္ပဏီ ငှားရမ်းခွင့်ရ
DVB
·
November 14, 2013
မြန်မာ့အကြီးဆုံး စက္ကူစက်ရုံ ထိုင်း Double A ကုမ္ပဏီ ငှားရမ်းခွင့်ရ
Donate to DVB

မြန်မာနိုင်ငံရဲ့ အကြီးဆုံး သာပေါင်း အဆင့်မြင့်စက္ကူနဲ့ အိမ်သုံးပစ္စည်းထုတ်လုပ်ရေး စက်ရုံကို ထိုင်းနိုင်ငံက Double A ကုမ္ပဏီက တင်ဒါ အောင်မြင်ပြီး ငှားရမ်း လုပ်ပိုင်ခွင့်ရသွားပြီလို့ စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

A4စက်ရုံ အလုပ်သမားပေါင်း ၁၈၀၀ ကျော်ရှိတဲ့ ဒီစက်ရုံကို ပုဂ္ဂလိက ငှားရမ်း လုပ်ကိုင်ခွင့်ပေးဖို့ တင်ဒါခေါ်ရာမှာ ပြည်ပ ကုမ္ပဏီ ၄ ခုနဲ့ ပြည်တွင်းကုမ္ပဏီ ၁ ခု တင်ဒါ ၀င်ပြိုင်ခဲ့ကြပါတယ်။  ဒီအထဲကမှ မြန်မာနိုင်ငံထဲကို စက္ကူချောထုတ်တွေ တင်သွင်းနေတဲ့ ထိုင်းအခြေစိုက် Double A ကုမ္ပဏီက တင်ဒါအောင်ခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ အစိုးရကို ၁ နှစ် ငှားရမ်းခ အမေရိကန်ဒေါ်လာ ၂ သန်း ပေးရမှာ ဖြစ်ပြီး ၀န်ထမ်းလစာနဲ့ ကုန်ကျစရိတ်ကို ကုမ္ပဏီက ကျခံသွားရမယ့်အပြင် ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံပြီး ၁ နှစ် တန် ၃ သိန်းကျ စက်ရုံသစ် ၁ ရုံကိုလည်း တည်ဆောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013