DVB Logo
Home
Lead Story
တရားမ၀င် မြန်မာနိုင်ငံသား ၂ ဦးထံမှ ရာဘဆေးပြား အလုံး ၄ သိန်း ဖမ်းမိ
DVB
·
November 14, 2013
တရားမ၀င် မြန်မာနိုင်ငံသား ၂ ဦးထံမှ ရာဘဆေးပြား အလုံး ၄ သိန်း ဖမ်းမိ
Donate to DVB

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦးဆီက ရာဘမူးယစ်ဆေး အလုံးရေ ၄ သိန်း ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

yarbaထိုင်း မူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ   ကြိုတင်သတင်းရထားချက်အရ  မယ်ဆိုင်မြို့ ပါယန်းရပ်ကွက် အိမ်အမှတ် ၈၅ / ၆  ကို နိုဝင်ဘာ ၁၂ ရက်နေ့က ၀င်ရောက်စစ်ဆေးရာမှာ  ကျောပိုးအိတ် အနက်ရောင် ၂ လုံးထဲ ထည့်ထားတဲ့ ရာဘဆေးပြားတွေ ဖမ်းဆီးရမိကြောင်း၊ အိတ် ၁ လုံးစီမှာ အထုပ်ပေါင်း ၁၀၀၊ ၁ ထုပ်ကို ရာဘဆေးပြား ၂ ထောင်စီပါရှိကြောင်း     အမှတ် ၅ တိုင်းဒေသ ရဲတပ်ဖွဲ့  ဒုရဲမှူးကြီး  ချမ်းနန်းလွတ်လျိုးက နိုဝင်ဘာ ၁၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အဲဒီအခန်းကို ငှားရမ်းနေထိုင်သူ  စိုင်းဆိုင် ရွက်ခမ်း ၃၀ နှစ်ကို မေးမြန်းရာမှာ မယ်ဆိုင်မြို့ ဆန်ဆိုင်းမိုင်ရပ်ကွက်က စိုင်းဆာမ်ဆိုသူက လာအပ်ထားကြောင်း ပြောဆိုခဲ့ပြီး ရဲတွေက   စိုင်းဆိုင် ၃၂ နှစ်ကို ဆက်လက်စစ်ဆေးခဲ့ကြောင်း၊ အဲဒီ ပစ္စည်းတွေကို တာချီလိတ်မြို့နေ ဆုရီဆိုသူထံက သယ်ခဲ့ကြောင်း၊ အထုတ်သယ်ပိုးခ ဘတ် ၃ သိန်းနဲ့ မယ်ဆိုင်ချောင်းကိုကူးပြီး သယ်ခဲ့တာလို့ ၀န်ခံခဲ့ကြောင်း ဒုရဲမှူးကြီးက ဆက်ပြောပါတယ်။

အဆိုပါ လူရွယ် ၂ ဦးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ထိုင်းနိုင်ငံထဲ ၀င်ရောက်လာတဲ့ ဘာအထောက်အထားမှ မရှိတဲ့အတွက် တရားမ၀င် ၀င်ရောက်မှု၊ မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှုတွေနဲ့ ဆက်လက် အရေးယူသွားမယ်လို့  ဒုရဲမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း ထိုင်းသတင်းက ရေးသား ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013