DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ် ဖြစ်ပေါ်
DVB
·
November 14, 2013
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ် ဖြစ်ပေါ်
Donate to DVB

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ လက်ရှိ အခြေအနေအရ အ၀ါရောင်အဆင့်သာရှိပြီး မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိသေးဘူးလို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

weather ဒီနေ့မြန်မာစံတော်ချိန် မနက် ၅ နာရီ မိနစ် ၃၀ ခန့်အချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ သိသိသာသာရွေ့လျားခြင်းမရှိပဲ၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက်မိုင် ၃၅၀ ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဖော်ပြထားပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေဟာ ၁ နာရီ မိုင် ၄၀ အထိ တိုက်ခိုက်နိုင်တယ်လို့ မိုးဇလက သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013