DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ ၃၅ လမ်းမကြီးပေါ်တွင် ဗုံး ၂ လုံးပေါက်ကွဲ
DVB
·
May 14, 2021
မန္တလေးမြို့ ၃၅ လမ်းမကြီးပေါ်တွင် ဗုံး ၂ လုံးပေါက်ကွဲ
1 / 6
Donate to DVB

မန္တလေးမြို့ (၃၅)လမ်းမကြီးပေါ်မှာ မေ ၁၄ ရက် ဒီနေ့ ညပိုင်းက လက်လုပ် ဗုံး ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ 

ဒီကနေ့  ည ၇ နာရီလောက်က  ၃၅လမ်း၊ ၇၂လမ်းနဲ့ ၇၃လမ်းကြားရှိ လမ်းလယ်ကျွန်း ပန်းခုံတစ်ခုမှာ ပထမဗုံးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက် မဟာအောင်မြေမြို့နယ် ၃၅လမ်းနဲ့ ၇၀လမ်း ထောင့်ရှိ In House အိမ်တွင်းအလှဆင်ပစ္စည်းဆိုင်အနီးမှာ ဗုံးတစ်လုံး ဆက်လက် ပေါက်ကွဲခဲ့တာပါ။

ဒီဗုံးပေါက်ကွဲမှုကြောင့် အနီးရှိ In House အိမ်တွင်းအလှဆင်ပစ္စည်းဆိုင်က မှန်တွေ ပျက်စီးခဲ့ပေမယ် လူထိခိုက်မှုမရှိဘူးလို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ် 

" အုံးဆိုပြီး အသံကြားလို့ ထွက်ကြည့်တာ ၃၅လမ်း ၊  ၇၂လမ်း နဲ့  ၇၃လမ်းကြားမှာ ပေါက်ကွဲတယ်၊ စက္ကန့်ပိုင်းပဲ ခြားပြီး ၃၅လမ်း နဲ့ ၇၀လမ်းထောင့်အနီးမှာ ဗုံးပေါက်တာပါ၊ လမ်းလယ်ပန်းခုံမှာ ပေါက်ကွဲတာက လူထိခိုက်မှု မရှိသလို In House အနီး ပေါက်ကွဲတာကလဲ လူထိခိုက်မှု မရှိပါဘူး၊ '' လို့ မျက်မြင်တွေ့သူ မဟာမြိုင် ၁ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပါတယ် 

အခုပေါက်ကွဲခဲ့တဲ့ ဗုံး ၂ လုံးဟာ  လက်လုပ်ဗုံးတွေ ဖြစ်တယ်လို့ သိရပြီး ပေါက်ကွဲတဲ့နေရာမှာ လက်နက်ကိုင် လုံခြုံရေးတွေ လာရောက်စစ်ဆေးနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013