DVB Logo
Home
မြန်မာသတင်း
တစ်တိုင်းပြည်လုံး၊ တစ်အိမ်လုံး အမှောင်ချပြီး မီးပိတ်သပိတ်ပြုလုပ်မည်
DVB
·
May 14, 2021
တစ်တိုင်းပြည်လုံး၊ တစ်အိမ်လုံး အမှောင်ချပြီး မီးပိတ်သပိတ်ပြုလုပ်မည်
Donate to DVB

အကြမ်းဖက်စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတစ်ခုအဖြစ် မနက်ဖန် မေလ ၁၅ ရက်ကစပြီး နိုင်ငံတဝန်းမှာ ည ၈ နာရီသံပုံးကို အကျယ်ဆုံးတီးပြီးရင်  ည ၈ နာရီ ၁၅ မိနစ်မှ  ၈ နာရီခွဲအထိ ၁၅ မိနစ်ကြာ မီးပိတ်၊ မီးမှိတ် တိတ်ဆိတ်နေကြဖို့ ကန်ပိန်းလှုပ်ရှားသူတွေက နှိုးဆော်ထားပါတယ်။ 

တိုင်းပြည် အမှောင်ကျတာ ရက် ၁၀၀ ကျော်ရှိလာပြီဆိုတာကို သတိရကြဖို့၊ ပေးဆပ်သူစွန့်လွှတ်သူ အပေါင်းတို့ရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်ဆန့်ကျင်နေမှုတွေကို အောက်မေ့ ဂုဏ်ပြုကြဖို့ တောတောင်တွေထဲ စစ်ဘေးရှောင်နေကြသူတွေ၊ လျှပ်စစ်မီးမရကြသူတွေနဲ့ တစ်သားတည်းရှိကြောင်း သက်သေပြကြဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ဆိုပါတယ်။

“ရက် ၁၀၀ ကျော်လာတဲ့အထိ စစ်ကောင်စီကို လုံးဝအုပ််ချုပ်ခွင့် မပေး၊ သွေးမအေးသေးဘူး ဆိုတာကို အတိတ်ဆိတ်ဆုံးနည်းနဲ့ အကျယ်လောင်ဆုံးကြွေးကြော်ကာ အမှောင်ဆုံးနေ့ရက်တွေလွန်ရင် အောင်ပွဲသာရှိမယ်ဆိုတာကို သက်သေပြကြ ဖို့အတွက် မီးမှိတ်သပိတ်မှာ လှည်းနေလှေအောင်းမြင်းဇောင်းပါမကျန် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲကြပါ” လို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်ကတရားမဝင်သိမ်းယူလိုက်ပြီးနောက် ပြည်သူလူထုတွေက နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေကြတာဖြစ်ပြီး ညစဉ် ၈ နာရီတိုင်းပြုလုပ်တဲ့ သံပုံးတီးသပိတ်ဟာလည်း အရှိန်အဟုန်မပျက် ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013