
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ အီးယူ-မြန်မာအထူး လုပ်ငန်းအဖွဲ့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဖိုရမ်တွေကို နိုဝင်ဘာ ၁၃ ရက်နေ့ညက ရန်ကုန်မြို့ UMFCCI ရုံးချုပ်မှာ စတင် ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲကို အီးယူ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲနဲ့ ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ မစ္စ ကတ်သရင်း အက်ရှ်တန် အပါအ၀င် အီးယူက တာဝန်ရှိသူတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်တို့ လည်း တက်ရောက်ခဲ့ကြပါတယ်။
[gallery ids="46382,46383,46384,46385,46386,46387,46388,46389,46390,46391,46392,46393,46394"]











