DVB Logo
Home
မြန်မာသတင်း
ငွေစက္ကူများကို ထင်ရှားသည့် နိုင်ငံ့ခေါင်းဆောင်များ ပုံဖြင့် ထုတ်ဝေမည်
DVB
·
November 13, 2013
ငွေစက္ကူများကို ထင်ရှားသည့် နိုင်ငံ့ခေါင်းဆောင်များ ပုံဖြင့် ထုတ်ဝေမည်
Donate to DVB

နောင်ထုတ်ဝေဖြန့်ချိမယ့် ငွေစက္ကူတွေမှာ ထင်ရှားတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ ဓာတ်ပုံနဲ့ ထုတ်ဝေမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်  ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

moneyသင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ရဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူတွေပြန်ထုတ်ဖို့ လွှတ်တော်က  အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို လာရောက်ဖြေကြားရင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဆိုရှင် ဦးသိန်းညွန့်က သူ့အဆိုအောင်မြင်သွားတာဟာ နိုင်ငံရေးရာသီဥတုနဲ့ဆိုင်တယ်၊ အဆိုတင်ခွင့်ပြုတဲ့ လွှတ်တော်ဥက္ကဋ္ဌကိုလည်း ကျေးဇူးတင်ရမယ်လို့ ပြောပါတယ်။

“နိုင်ငံရေး ရာသီဥတုက သိသိသာသာ ပြောင်းလဲလာတယ်။ အခု ၁၃၀၀ ပြည့် စိန်ရတုသဘင် အခမ်းအနားကျင်းပဖို့ အရေးကြီး အဆိုတင်ခဲ့တာပါ့။ အင်မတန်ကောင်းတဲ့ အလှည့်အပြောင်းပေါ့။ စိန်ရတု ကျင်းပဖို့ တင်ကတည်းက နိုင်ငံရေးအလှည့်အပြောင်းပေါ့။ ကျနော့်ဘက်ကလည်း ခိုင်ခိုင်လုံလုံ အကျိုးအကြောင်း ဖော်ပြခဲ့တယ်။ ဒီနေ့ကတော့ ထင်ရှားတဲ့ နိုင်ငံ့ခေါင်းဆောင်များကို ထည့်သွင်းပြီး နောင်ထုတ်မယ့် ငွေစက္ကူမှာ ရိုက်မယ်ဆိုတဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌရဲ့ ဖြေကြားချက်ကို လက်ခံတယ်၊ ကျေလည်း ကျေနပ်တယ်။ ဒီနေ့အဆိုကို ကျနော် မှတ်တမ်းတင်ထားတယ်။ မှတ်တမ်းတင်တယ်ဆိုတာက လွှတ်တော်က စောင့်ကြည့်နေပြီလေ။ ဒီအဆိုနဲ့ပတ်သက်ရင် လွှတ်တော်ဥက္ကဋ္ဌကြီးကို ကျေးဇူးတင်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီး ခွင့်မပေးရင် ကျနော်ဆွေးနွေးဖို့ မလွယ်ပါဘူး။”

ဦးသိန်းညွန့်ရဲ့အဆိုမှာ မြန်မာတနိုင်ငံလုံးက သာမက ကမ္ဘာကပါ လေးစားတဲ့  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့  ငွေစက္ကူတွေပြန်ထုတ်ဖို့ တင်ပြဆွေးနွေးခဲ့တာဖြစ်ပြီး၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌကတော့ ထင်ရှားတဲ့ နိုင်ငံ့ခေါင်းဆောင်ပုံတွေနဲ့ နောင်ထုတ်ပါမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ထင်ရှားတဲ့နိုင်ငံခေါင်းဆောင်တွေဟာ ဘယ်သူတွေလဲဆိုတာနဲ့၊ ဘယ်တော့ စပြီး ထုတ်ဝေမယ်ဆိုတာကိုတော့   ဗဟိုဘဏ် တာဝန်ရှိသူက ရှင်းရှင်းလင်းလင်းဖြေကြား သွားခြင်းမရှိပါဘူး။

အခုထုတ်ဝေနေတဲ့ ငွေစက္ကူတွေမှာ ခြင်္သေ့နဲ့ ဆင်ဖြူတော်ပုံတွေ အသုံးပြုထားတာဖြစ်ပါတယ်။

လွှတ်တော်အမတ် ဦးသိန်းညွန့်နဲ့ သူ့ရဲ့ပါတီကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ပြန်လည်အသုံးပြုဖို့ အလားတူ အဆိုမျိုး ၄ ကြိမ်မြောက်ကျင်းပခဲ့တဲ့  လွှတ်တော်ထဲ တင်ခဲ့ဘူးပြီး အဲ့ဒီတုန်းက သက်ဆိုင်ရာဌာနရဲ့ မရေမရာအဖြေပဲ ရခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013