
မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ထဲက လမ်းပိုင်းတချို့မှာ ပြည်သူတွေအနေနဲ့ လုံခြုံရေးအရ ဆက်သွယ်သွားလာတာမပြုလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဆောမြို့နယ်)က မေလ ၁၂ ရက်နေ့စွဲနဲ့ အရေးပေါ်ကြေညာချက်ထုတ်ပြန် သတိပေးထားပါတယ်။
အများပြည်သူတွေအနေနဲ့ ဒီကနေ့ မေလ ၁၃ ရက်နေ့ကစလို့ ဆော-ကျောက်ထုလမ်းပိုင်း၊ ဆော- ဆိပ်ဖြူလမ်းပိုင်း၊ ကျောက်ထု-ပခုက္ကူ လမ်းပိုင်းတွေကို လုံခြုံရေးအရ ဆက်သွယ်သွားလာတာ မပြုလုပ်ဖို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဘေးအန္တရာယ်ကနေ ဒေသခံပြည်သူလူထုကို ကာကွယ်ပေးဖို့နဲ့ စစ်အာဏာရှင်ကို အမြစ်ဖြုတ်တွန်းလှန်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။