DVB Logo
Home
မြန်မာသတင်း
ထားဝယ်သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ အသက်မပြည့်သေးသည့် လူငယ် ၃ ဦး ပြန်လွတ်
DVB
·
May 12, 2021
ထားဝယ်သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ အသက်မပြည့်သေးသည့် လူငယ် ၃ ဦး ပြန်လွတ်
Donate to DVB

ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကနေ  မေလ ၁၁ ရက်မနက်က  ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူ ၁၅ ယောက်ထဲက လူငယ် ၃ ယောက်ကို အသက်မပြည့်သေးတဲ့အတွက် ဒီနေ့ မေလ ၁၂ ရက် ညနေ ၅ နာရီခွဲမှာ  စစ်ကောင်စီရဲစခန်းက ပြန်လွှတ်ပေးလိုက်ပါတယ်။

ထားဝယ်မြို့ အထက ၂ က ကိုးတန်းကျောင်းသားတွေဖြစ်တဲ့ မောင်လရောင်သွေး၊ မောင်ကောင်းဆက်ဟိန်းနဲ့ မောင်ဝေလွင်ဦးတို့ကို အသက်မပြည့်သေးလို့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ခံဝန်နဲ့ ပြန်လွတ်လာတာဖြစ်ပြီး အမှုတော့ ဆက်ရင်ဆိုင်ရဦးမယ်လို့ သိရပါတယ်။ အဆိုပါ ကျောင်းသားသုံးဦးကို ပုဒ်မ   ၅၀၅ (က)၊  ပုဒ်မ  ၅၀၅ (ဂ) ၊ ပုဒ်မ ၁၄၅ တို့နဲ့ တရားစွဲဆိုထားတာပါ။

ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက ကျောင်းသားတစ်ဦးက “ပြန်လွတ်လာတာကို ဝမ်းသာပေမဲ့ မဆိုင်ဘဲ စဖမ်းတာကိုက မကြိုက်တာပါ။ အပြစ်မဲ့ပြည်သူတွေ ကျောင်းသားတွေကို  အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်'' လို့ ပြောပါတယ်

ထားဝယ်မြို့မှာ မေလ  ၁၁ ရက် မနေ့ မနက်ပိုင်းက ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းဆန္ဒပြဖို့  လူစုတုန်း  အလံမလွှင့်ထူခင်မှာဘဲ လူစီးကား နဲ့ ရဲကားတွေနဲ့ သေနတ်ပစ်ဖောက်လာရောက်ပြီး ပြည်သူ ၁၅ ယောက်ကို ဖမ်းဆီးသွားတာပါ။ 

ဒီနေ့ ပြန်လွတ်လာတဲ့ အထက ၂ ကိုးတန်းကျောင်းသား မောင်ကောင်းဆက်ဟိန်းကလည်း အိမ်ရှေ့ကနေ ထွက်ကြည့်မိတဲ့အတွက် ဆန္ဒပြသူတွေနဲ့တစ်ပါတည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013