DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားကူးတို့သင်္ဘော မီးလောင်ပြီး လူ ၅ ဦး သေဆုံး၊ ၄၁ ဦးပျောက်ဆုံး
DVB
·
August 3, 2026
Photo: BASARNAS
Photo: BASARNAS
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ၊ မာဒူရာကျွန်းနားမှာ ကူးတို့သင်္ဘောတစင်း မီးလောင်လို့ လူ ၅ ယောက်ထက်မနည်း သေဆုံးပြီး ၄၁ ယောက် ပျောက်ဆုံးနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ထုတ်ပြန်ပြောပါတယ်။

ကူးတို့သင်္ဘောပေါ်မှာ ခရီးသည် ၂၇၁ ယောက်နဲ့ သင်္ဘောသားတွေကို တင်ဆောင်လာခဲ့ပြီး ၂၂၅ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဩဂုတ် ၂ ရက် မွန်းလွဲပိုင်းမှာ အေဂျင်စီရဲ့ အချက်အလက်တွေက ပြထားပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေတုန်းပဲလို့လည်း  ထပ်ပြောပါတယ်။

ကူးတို့သင်္ဘောဟာ အရှေ့ဂျာဗားပြည်နယ် ဆူရာဘာယာကနေ တောင်ဆူလာဝေစီပြည်နယ် မာကာဆာမြို့ဆီ ဦးတည်နေချိန်မှာ ခုလိုဖြစ်တာပါ။

ကူးတို့သင်္ဘော ဘယ်လိုမီးလောင်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ တနင်္ဂနွေမနက်မှာ ဖြစ်ပွားခဲ့တာလို့ ကြေညာချက်မှာ  ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013