DVB Logo
Home
Lead Story
ဖူကူရှိမာက ကလေးများတွင် သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနှုန်း မြင့်မား
DVB
·
November 11, 2013
ဖူကူရှိမာက ကလေးများတွင် သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနှုန်း မြင့်မား
Donate to DVB

ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ ဖူကူရှီမာက သုတေသနပညာရှင်တွေက အဲဒီက ကလေးတွေမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ မျှော်လင့်ထားတာထက် ပိုပြီး မြင့်မားနေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

medical check japan boyထင်ရှားတဲ့ သိုင်းရွိုက် ခွဲစိတ်ဆရာဝန်ဟောင်းတယောက်ကတော့ ဖူကူရှီမာက ကင်ဆာဖြစ်ပွားမှုတွေရဲ့ အရေအတွက်ဟာ မျှော်လင့်ထားတာထက် မြန်ဆန်လာနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နောက် ကင်ဆာအထူးကု ဆရာဝန်တယောက်ကတော့ အဲဒီ မြင့်မားလာမှုဟာ ကျယ်ပြန့်ပြီး အသေးစိတ် စစ်ဆေးရှာဖွေနိုင်မှုရဲ့ ရလဒ်ပဲ ဖြစ်ပြီး ဘယ်သူမှ အထိတ်တလန့် မဖြစ်သင့်ပါဘူးလို့ ပြောပါတယ်။

အသက်၂ နှစ်ရှိပြီဖြစ်တဲ့ ယူတာကို အီကီကတော့ သူနာပြုက သူလည်ပင်းကို ရှာဖွေတဲ့ ကိရိယာသုံးပြီးပြီး စစ်ဆေးဖို့ ကြိုးစားတဲ့ အခါတိုင်း သူက ငိုယို ကန်ကျောက်ပြီး ကုတင်ပေါ်က လျော့ချ ဆင်းပြေးဖို့ ကြိုးစားလေ့ ရှိပါတယ်။

သူအမေ တိုမိုကိုကို အိကီက ယူတာနဲ့ အသက် ၄ နှစ်သမီး သူအမ ဆာကီကို သိုင်းရွိုက် ဂလင်း စမ်းသပ်စစ်ဆေးဖို့ ခေါ်လာတာ ဖြစ်ပါတယ်။

အနားက ဖူကူရှီမာ နျူကလီးယားစက်ရုံက ထွက်လာတာတွေကို ကြောက်နေတယ်လို့ တိုမိုကိုကို အိကီက ပြောပါတယ်။

“ကျမက စိတ်ပူပါတယ်။ ဒါပေမယ့် သူတို့ ကျန်းမာကြတယ်လို့ ယုံကြည်ပါတယ်။ သူတို့ ကျန်းမာရေးကောင်းကြတယ်လို့ မျှော်လင့်ထားပါတယ်။”

နျူကလီးယား ပျော်ကျမှု မဖြစ်ခင်က ကျန်းမာရေးတာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ဖူကူရှီမာက ကလေးတွေမှာ ကင်ဆာ ဖြစ်ပွားမှုကို ကလေး ၁ သန်းမှာမှ ၁ ယောက်၊ ၂ ယောက်လောက်ပဲ ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ဘေးသင့်မှု ဖြစ်ပြီးကတည်းက ဖူကူရှီမာဒေသအစိုးရက အကြီးစား အသေးစိတ် စစ်ဆေး ကြည့်ရှုမှု အစီအစဉ်တခုကို အကေင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

ကလေး ၂ သိန်းလောက်ကို စစ်ဆေးရာမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားတာ သေချာတဲ့ ကလေးက ၁၈ ယောက် ရှိနေတာ တွေ့ရပါတယ်။ ဖြစ်ပွားတယ်လို့ သံသယရှိတဲ့ ကလေးက ၂၅ ယောက် ရှိနေပါတယ်။ မမျှော်လင့်လောက်အောင် မြင့်မားလာတာ ဖြစ်ပါတယ်။

နာဂါနိုမှာ ရှိတဲ့  မတ်ဆူမိုတိုမြို့ရဲ့ မြို့တော်ဝန် အကီရ ဆူဂီနိုရဟာ ချာနိုဘိုင်းလ် ဘေးသင့်မှုဖြစ်အပြီးမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်လာကြတဲ့ ယူကရိန်းနဲ့ ဘီလာရုစ်က ကလေးတွေကို ၅ နှစ် ကြာ ပြုစု ကုသပေးခဲ့တဲ့ လေးစားမှု ရရှိထားတဲ့ သိုင်းရွိုက် ခွဲစိတ်ဆရာဝန် တယောက် ဖြစ်ပါတယ်။

“ဖူကူရှီမာမှာ အခု ကျနော် ကြည့်လိုက်တော့ ကလေးတွေရဲ့ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားတဲ့ အရေအတွက်က တော်တော် မြင့်မားနေပါတယ်။ ဖူကူရှီမာက ဆရာဝန်တွေကတော့ ဒီလောက် ပေါ်လာတာ မမြန်သင့်ဘူးလို့ ပြောကြပါတယ်။ သူတို့ ဆိုလိုတာကတော့ မတော်တဆ ဖြစ်ပွားမှုနဲ့ မသက်ဆိုင်ဘူးလို့ ပေါ့ဗျာ။ ဒါပေမယ့် အဲဒါက တော်တော်ကို သိပ္ပံနည်းမကျတာဘဲဗျ။ နောက် ကျနော်တို့ လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလေ။”

ဒါပေမယ့် တခြားက ကျွမ်းကျင်ပညာရှင်တွေကတော့ ဘာမှ ကြောက်စရာ မရှိပါဘူးလို့ ပြောကြပါတယ်။

လန်ဒန် အင်မ်ပီးရီးရဲလ်ကောလိပ်က ကင်ဆာ မော်လီကျူလာ ရောဂါဗေဒ အထူးကုဆရာဝန် ပါမောက္ခ ဂျရယ်လ်ဒင်း ထောမတ်စ်က “ဖူကူရှီမာပြီးရင် ဂျပန်မှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားမှု မြင့်လာနိုင်မလားလို့တော့ ကျမ သံသယရှိတယ်” လို့ ပြောပါတယ်။

သူက ၁၉၈၆ ခုနှစ် နျူကလီးယား ဘေးသင့်မှုဖြစ်အပြီး ဓာတ်ရောင်ခြည် ဒဏ်သင့်ခံခဲ့ရသူတွေဆီက နမူနာတွေကို လေ့လာနေတဲ့ ချာနိုဘိုင်းလ် တစ်ရှုးဘဏ်ကို ကူညီ တည်ထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူက ဖူကူရှီမာက ကလေးတွေကြားမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနေမှု မျှော်လင့်တာ ထက် ပိုမြင့်မားနေတာမှာ ရိုးရှင်းတဲ့ အကြောင်းတခု ရှိမယ်လို့ ဆိုပါတယ်။

“ရှင်တို့ ပြဿနာတရပ်ကို ရှာမယ်ဆိုရင် အထူးသဖြင့် ဂျပန်လူမျိုးတွေ တကယ် လုပ်နေတဲ့ မယုံကြည်နိုင်လောက်အောင် အသေးစိတ်ကျတဲ့ နည်းပညာကို အသုံးပြုမယ်ဆိုရင် တခုခုတော့ ရှင်တို့ တွေရပါလိမ့်မယ်။”

သိုင်းရွိုက်ကင်ဆာကို စောစော စုံစမ်းစစ်ဆေးတာဟာ အရေးအကြီးဆုံး ဖြစ်တယ်ဆိုတာ ကိုတော့ လူတိုင်းက သဘောာတူ ထားကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အစောပိုင်းအဆင့်တွေမှာ တွေ့ရှိမယ်ဆိုရင် အဲဒါကို အမြဲတမ်းအောင်မြင်အောင် ကုသပေးနိုင်တာ များပါတယ်။

ဒါပေမယ့် ဖူကူရှီမာကျန်းမာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေကတော့ ကိုယ်ရေး အကြောင်းပြချက်တွေ ပြပြီး ရိုးရိုး သိုင်းရွိုက် ကင်ဆာရောဂါ ခံစားနေရသူတွေ ရဲ့ အသက်အရွယ် ရှင်းလင်းချက် ထုတ်ပေးဖို့ တောင်းဆိုမှုကိုတောင် ငြင်းဆန်ပြီး ကျိတ်လုပ်နေကြပါတယ်။

ဒီ အခြေခံ အချက်အလက်တွေကို မျှဝေပေးဖို့ ငြင်းဆန်မှုဟာ သိုင်းရွိုက် အထူးကု ဆရာဝန် အကီရ ဆူဂီနိုရရဲ့ သံသယတွေကို ပိုပြီး တိုးများ လာစေပါတယ်။

“ကျနော် စိတ်ဆိုးနေတုန်းပဲဗျ။ ကျနော် ထင်တယ်။ သူတို့မှာ အဲဒီ အချက်အလက်တွေ ရှိတယ်ဗျ။ တော်တော်ထူးဆန်းတယ်ဗျာ။ သူတို့ အဲဒါကို ဘာလို့ ထုတ်မပေးဘဲ ထားတာလဲ။”

လျှို့ဝှက်ထားတာက သိုင်းရွိုက်ဒေတာတွေပဲ မဟုတ်ပါဘူး။ ဒေသတွင်းက ကလေးတွေကို အသေးစိတ် စစ်ဆေးထားတယ်လို့ အပြောခံထားရတဲ့ ဖူကူရှီးမားပညာရှင်အုပ်စုရဲ့ အစပိုင်း ဆွေးနွေးပွဲတွေကိုလည်း လျှို့ဝှက်ထားခဲ့တာာ ဖြစ်ပါတယ်။

နျူကလီးယားစက်ရုံက ထွက်လာတာတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကလေးတွေကို ထိခိုက်မှာ စိုးရိမ်နေတဲ့ တိုမိုကိုကို အိကီလိုကတော့ ဒါဟာ ဖုံးကွယ်ထားတဲ့ကိစ္စတခုလို့ ပြောပါတယ်။

“သူတို့က ကျမတို့ကို အားလုံး ပြောပြမယ်လို့ မထင်ပါဘူးရှင်။ ကျမကတော့ သူတို့ ပြောတာကို မယုံနိုင်ပါဘူး။ အဲဒါကြောင့် ကျမ ကလေးတွေရဲ့ အနာဂတ်ကို စိတ်ပူနေရတာပေါ့။ အဲဒါက ကျမကို စိတ်ဆင်းရဲပါတယ်။”

တိုမိုကိုကို အိကီရဲ့ ပူပင်ကြောင့်ကျမှုတွေကို ထပ်ဖြည့်ပေးလိုက်တာကတောာ့ သူရဲ့၎ နှစ် သမီး ဆာကီရဲ့ သိုင်းရွိုက်ဂလင်းမှာ အရည်အိတ်တွေ တွေ့ရှိလိုက်တာပါပဲ။

ကင်ဆာလို့ သဘောထားလို့ မရသေးပေမယ့် အရည်အိတ်တွေကို လအတော်များများ စောင့်ကြည့် စစ်ဆေးရပါလိမ့်မယ်။ နှစ်အတော်ကြာ အထိလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အာရှဒေသ အစီအစဉ်အတွက် သတင်းထောက် Mark Willacy က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013