DVB Logo
Home
မြန်မာသတင်း
“၅၀၀ ကျပ်ပဲလှူပါ”ကမ်ပိန်းမှ ရရှိသည့် အလှူငွေကျပ်သိန်း ၈၀ ကို ပြည်သူများထံ လှူဒါန်း
DVB
·
May 12, 2021
“၅၀၀ ကျပ်ပဲလှူပါ”ကမ်ပိန်းမှ ရရှိသည့် အလှူငွေကျပ်သိန်း ၈၀ ကို ပြည်သူများထံ လှူဒါန်း
Donate to DVB

စစ်အာဏာရှင်လက်ထက် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက်  ရည်ရွယ်ပြီး စတင်ခဲ့တဲ့ “၅၀၀ ကျပ်ပဲ လှူပါ” ကမ်ပိန်းကနေ အလှူငွေကျပ်သိန်း ၈၀ ရရှိခဲ့ပြီး အားလုံးကို လှူဒါန်းပြီးဖြစ်တယ်လို့ သိရပါတယ်။

Heroes for Myanmar က ဦးဆောင်ခဲ့တဲ့ ဒီကမ်ပိန်းမှာတော့ အိမ်ထောင်စုတွေအတွက် လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက် သွန်၊ ဟင်းသီးဟင်းရွက်နဲ့ ဆေးဝါး စတာတွေကို လှူဒါန်းဖို့အတွက် အားလုံးနည်းများမဆို ၅၀၀ ကျပ်ကစတင် ပါဝင်နိုင်ကြောင်း နှိုးဆော် ထားခဲ့တာပါ။

ခုရရှိခဲ့တဲ့ ငွေကျပ်သိန်း ၈၀ ကိုတော့ ပြည့်သူ့၀န်ထမ်း သူရဲကောင်းတွေဆီ Digital Payment နဲ့ ထောက်ပံ့ငွေကျပ်သိန်း ၄၀၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လူကိုယ်တိုင်နဲ့ Digital Payment တို့ကတဆင့် လှူဒါန်းငွေကျပ်သိန်း ၂၀၊ တိုင်းရင်းသားနယ်မြေတွေဆီ ဆေးဝါးနဲ့ ရိက္ခာအတွက် Digital Payment ကတဆင့် လှူဒါန်းငွေကျပ်သိန်း ၂၀ စီ အသီးသီး လှူဒါန်းပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူဦးရေ ၃ သန်းခွဲလောက်ဟာ လာမယ့် ၃ လကနေ ၆ လ လောက်အတွင်း အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program က  သတိပေးထားပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ အခြေခံစားသောက်ကုန် ဆန်နဲ့ဆီဈေးတွေဟာ မြင့်တက်လာခဲ့ပြီး စီးပွားရေးမြို့တော် ရန်ကုန်မှာတောင် အစားလျှော့စားနေရတာတွေ၊ အာဟာရရှိတဲ့ အစားအစာ မစားနိုင်တာတွေ၊ အကြွေးတင်နေကြတာတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိအခြေအနေမှာ ဘဏ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းနေပြီး ငွေအပေးအယူ မလုပ်နိုင်တာတွေ၊ ဘဏ်က ငွေသားထုတ်ယူဖို့ အခက်အခဲတွေ ရင်ဆိုင်နေရသလို စက်ရုံ အလုပ်ရုံတွေ ပိတ်ထားရတဲ့အခြေအနေကြောင့် သွင်းကုန်ပို့ကုန်လုပ်ငန်း အတော်များများလည်း ရပ်ဆိုင်းနေကြပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013