DVB Logo
Home
မြန်မာသတင်း
ကရင်စာပေသင်နိုင်ရေး ကေအန်ယူနှင့် တနင်္သာရီတိုင်းအစိုးရ ဆွေးနွေး
DVB
·
November 11, 2013
ကရင်စာပေသင်နိုင်ရေး ကေအန်ယူနှင့် တနင်္သာရီတိုင်းအစိုးရ ဆွေးနွေး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကရင်ကျေးရွာတွေက စာသင်ကျောင်းတွေမှာ ကရင် စာပေ သင်ကြားနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ရဲ့ မြိတ်-ထားဝယ်ခရိုင် ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

knu mtd meet with tanintharyi gov nov 8 2013တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်တဲ့အဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ မြိတ်-ထားဝယ်ခရိုင်မှူး ပဒိုဘီးလယ်တို့ ဦးဆောင်တဲ့အဖွဲ့တို့ နိုဝင်ဘာ ၈ ရက်နေ့က ကရင်ကျေးရွာတွေမှာ ကရင်စာပေ သင်ကြားနိုင်ရေးအပါအ၀င် အချက် ၄ ချက် အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ အချက် ၄ ချက်ကတော့ ၁၉၉၇ ခုနှစ်က အစိုးရရဲ့ ထိုးစစ်ဆင်မှုကြောင့် ကျသွားတဲ့ ကျေးရွာတွေ ပြန်လည်ရရှိရေး၊ နှစ်ဖက်တပ်တွေ သွားလာတဲ့နေရာမှာ စည်းကမ်းတကျ ရှိအောင်နဲ့ ပြဿနာ ဖြေရှင်းနိုင်အောင် ဆက်သွယ်ရေးဌာန ဖွင့်လှစ်ဖို့၊ ကေအန်ယူ တပ်မဟာ ၄ အခြေစိုက် ဒေသတွင်းမှာ ရှိတဲ့ ကရင်ရွာက ကျောင်းတွေက ကရင်စာ သင်နိုင်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပူးတွဲဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ တနင်္သာရီတိုင်းဝန်ကြီးချုပ်က ကရင်စာပေ သင်ကြားရေးကို လက်ခံတဲ့အကြောင်း ကေအန်ယူရဲ့ မြိတ်-ထားဝယ်ခရိုင် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က စောထူးကပေါ်က ပြောပါတယ်။

”ပညာရေးကတော့ ကျနော်တို့အနေနဲ့ ကရင်စာ သင်ကြားဖို့ တင်တာ ၀န်ကြီးချုပ် ဦးမြတ်ကို ပြောတာတော့ သင်လို့ရတယ်။ ဒါပေမယ့် စာနဲ့ ပတ်သက်လာရင် လွန်တာ ကျွံတာ မရှိစေချင်ဘူးလို့ ပြောပါတယ်။”

ဒါ့အပြင် ကရင်ကျောင်းတွေမှာ မြန်မာနဲ့ ကရင်အလံတွေ ပူးတွဲတင်ဖို့ကိစ္စနဲ့ ကေအန်ယူက ဆုံးရှုံးသွားတဲ့ မြေနေရာတွေ ပြန်လည်ရရှိရေးကိစ္စတွေလည်း တင်ပြခဲ့တယ်လို့ စောထူးကပေါ်က ပြောပါတယ်။

“၁၉၉၇ တုန်းက အစိုးရတပ်ကနေပြီး တပ်မဟာ ၄ ကို လာရောက် သိမ်းပိုက်တယ်လေ။ သိမ်းပိုက်တော့ ရွာပေါင်း ၂၀ ကျော်က သူတို့လက်အောက်မှာ ကျသွားတော့ နေလို့မရတော့ ထွက်ပြေးရတယ်လေ။ အဲဒီမှာ ပျက်စီးသွားတဲ့ပုံစံ ဖြစ်သွားတာပေါ့။ အဲဒါတွေ ပြန်လည်ရရှိရေး နောက်ပြီး နဂို နေထိုင်သွားခဲ့တဲ့သူတွေ ပြန်လည်အခြေချနိုင်ရေးပေါ့။”

အစိုးရတပ်တွေ သိမ်းပိုက်စဉ်က ဒေသခံရွာသားတွေဟာ ထိုင်းနယ်စပ်မှာ ရှိတဲ့ ထမ်းဟင် ဒုက္ခသည်စခန်းဆီကို ထွက်ပြေး ခိုလှုံခဲ့ကြရပြီး တချို့ ဒုက္ခသည်တွေကိုတော့ တတိယနိုင်ငံကို ပြောင်းရွှေ့ အခြေချနေထိုင်နေကြပြီ ဖြစ်ပါတယ်။

ဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ သူတို့ အထက်အရာရှိတွေကို ပြန်လည် တင်ပြပြီး နောက်တကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ် ။

ဒီတွေ့ဆုံပွဲကို ထားဝယ်မြို့မှာ ပြုလုပ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုယ်စားလှယ် ၁၅ ဦးနဲ့ ကေအန်ယူ ကိုယ်စားလှယ် ၆ ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013