DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာအကျဉ်းသား ၃ ထောင်ခန့်ရှိ
DVB
·
November 11, 2013
ထိုင်းနိုင်ငံတွင် မြန်မာအကျဉ်းသား ၃ ထောင်ခန့်ရှိ
1 / 2
Donate to DVB

ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ မြန်မာနိုင်ငံက  အကျဉ်းသား ၃ ထောင်လောက် ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

insideprisonနိုဝင်ဘာဘာ ၁၁ ရက်နေ့မှာ ကျင်းပတဲ့  ပထမအကြိမ်  ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က  မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေမှာ ရှိတဲ့ အကျဉ်းသားများကိစ္စနဲ့ စပ်လျဉ်းပြီး မေးမြန်းရာမှာ  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်စွာမြင့်က တုံ့ပြန်ပြောဆို လိုက်တာ ဖြစ်ပါတယ်။

ထိုင်းဘုရင်မကြီးမွေးနေ့မှာ အကျဉ်းသားတွေ လွှတ်ပေးခဲ့တာ ရှိသလို  လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ ထိုင်းဘုရင်မင်းမြတ်မွေးနေ့မှာလည်း လွှတ်ဖို့ ရှိနေတဲ့အတွက်  မြန်မာနိုင်ငံသား အကျဉ်းသားတွေ ဘယ်လောက် ပြန်လွတ်လာမလဲ လွှတ်တော်အမတ်တွေက သိချင် နေတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်း အကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားပေါင်း  ခန့်မှန်းခြေ ၁ သောင်းနီးပါး ရှိနေတယ်လို့ ကြားသိရပြီး အမှန်တကယ် အရေအတွက် ဘယ်လောက် ရှိနေသလဲဆိုတာ သိရဖို့  မေးမြန်းရာမှာ ပြည်ထောင်စု ဒုဝန်ကြီးက  ဖြေကြားခဲ့တာလို့  ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

“သက်ဆိုင်ရာက စုံစမ်းကြည့်တဲ့အခါမှာ ၃ ထောင်လောက် မြန်မာနိုင်ငံသား အကျဉ်းသား ရှိတယ်ပေါ့။ ထိုင်းနိုင်ငံမှာ။ နောက်တခုက အဲဒီဟာနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ အညီ၊ လုပ်ထုံးလုပ်နည်းနဲ့ အညီ အကျဉ်းသားအခွင့်အရေးတွေ ခံစားခွင့်ရဖို့အတွက် သံတမန်ရေးနည်းနဲ့ ဆောင်ရွက်နေပါတယ်လို့ ဖြေသွားတယ်။”

ဒါ့အပြင် ဒီနေ့ ကျင်းပတဲ့    ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ   ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ် ၂၀၁၂ ဇူလိုင် ၇ ရက်နေ့က အဆို တင်သွင်းထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းကို  လက်ခံ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအတွက် ဒီဥပဒေကြမ်းကို သတင်းစာတွေကနေ ကြေညာပေးမှာ ဖြစ်ပြီး လွှတ်တော်က ပြင်ဆင်ချက် တင်ချင်တဲ့သူတွေကို ပြင်ခွင့်ပြုမှာလို့လည်း ဦးရဲထွန်းက ပြောပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက တင်သွင်းတဲ့ လျှပ်စစ်ဥပဒေကြမ်းကိုတော့   ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းလွင်က တင်သွင်းပြီး အမတ် ဦးသိန်းရီက ထောက်ခံသွားခဲ့သလို ဂွမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကြည်သာက ဖြည့်စွက် အကြံပြုခဲ့တဲ့အတွက်  ပြည်သူ့လွှတ်တော်က ဒီဥပဒေကြမ်းကို လက်ခံ ဆွေးနွေးဖို့လည်း သဘောတူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013