
Cessna Aircraft ကုမ္ပဏီဟာ ခရီးသည် ၁၂ ယောက်ကနေ ၁၄ ယောက်အထိလိုက်ပါ နိုင်တဲ့ နိုင်ငံတကာမှာ Air Taxi အဖြစ်အသုံးပြုတဲ့ အဆင့်မြင့် Cessna Citation Sovereign အမျိုးအစား ဂျက်လေယာဉ် ကို Air Show အဖြစ် နိုဝင်ဘာ ၁၁ ရက်နေ့ ရန်ကုန်လေဆိပ်မှာ လာရောက် ပြသခဲ့ပါတယ်။
ဒီ Cessna Aircraft ကုမ္ပဏီထုတ် အဆင့်မြင့် ဂျက်လေယာဉ်တွေကို ဂျပန်၊ ဖိလစ်ပိုင်နဲ့
အင်ဒိုနီးရှားနိုင်ငံတွေက ၃ လ အတွင်းမှာ ၃၈ စင်း ၀ယ်ယူခဲ့ပြီး ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ရှင်းပြပါတယ်။
ဒီ လေယာဉ်တွေဟာ အဆင့်မြင့်စနစ်နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ၁ စီး အမေရိကန် ဒေါ်လာ ၁၈ သန်းကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း Cessna ကုမ္ပဏီထုတ် Caravan အမျိုးအစား လေယာဉ် ၂ စီး ၀ယ်ယူထားပြီး လာမယ့် ဒီဇင်ဘာလအတွင်း ရောက်ရှိမယ် ဖြစ်ကြောင်း မြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောပါတယ်။











