
ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားဟောင်း ဦးမျိုးဝင်းရဲ့ နေအိမ် ဘေးလမ်းကြားထဲမှာ မေ ၉ ရက် မနက် ၂ နာရီ ၁၄ မိနစ်က လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် အနီးအနားနေအိမ် ၂ လုံးကိုပါ ဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရ တာတွေ မရှိဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ပြီး ဘယ်သူတွေ လုပ်ကြံခဲ့ တာတွေကို အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းမှာ စစ်ကောင်စီတွေဘက်က အလိုရှိ နေပြီး နေအိမ်ကို ဝင်ရောက်ရှာဖွေလေ့ရှိတာကြောင့် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်းနဲ့အတူ သားဖြစ်သူ ရေးမြို့ ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန်မှာလည်း တိမ်းရှောင်နေခဲ့ရသလို နေအိမ်မှာ အသက် ၉၃ နှစ် ရှိပြီဖြစ်တဲ့ ဦးမျိုးဝင်းရဲ့ မိခင်နဲ့အတူ ဇနီးနဲ့ သမီးပဲ နေထိုင်နေပါတယ်။