DVB Logo
Home
Lead Story
ဝန်ကြီးတွေ များနေတာကို လွှတ်တော်မှာ ဝေဖန်
DVB
·
November 12, 2013
ဝန်ကြီးတွေ များနေတာကို လွှတ်တော်မှာ ဝေဖန်
Donate to DVB

လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၃၆ ခု၊ ၀န်ကြီး ၃၆ ယောက်၊ ဒုဝန်ကြီး အယောက် ၆၀ စုစုပေါင်း ၉၆ ယောက်ရှိနေတာဟာ များနေတယ်၊ တချို့ ၀န်ကြီးဌာနတွေ မလိုအပ်ဘူးလို့ နိုဝင်ဘာ ၁၁ ရက်နေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ်က အမတ် ဒေါက်တာ ဗညားအောင်မိုးက ဝေဖန်ပါတယ်။

parlimentမြန်မာနိုင်ငံ အရင် ခေတ်အဆက်ဆက်က ၀န်ကြီးစာရင်းနဲ့ ပဲ နှိုင်းနှိုင်း နိုင်ငံတကာနဲ့ပဲ နှိုင်းနှိုင်း အရည်အတွက် များနေတယ်လို့ ပြည်ထောင်စုအဆင့် ချီးမြှင့်ငွေနဲ့ အဆောင်အယောင်ဆိုင်ရာ ဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်း ဆွေးနွေးစဉ် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြမ်းမှာ သမ္မတဟာ လစာ ၁ လ ကျပ် ၁၅ သိန်း၊ ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ တရားသူကြီးချုပ်အတွက် ၁ လ ကျပ် ၁၂ သိန်း၊ ပြည်ထောင်စုဝန်ကြီး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၂ ဦးနဲ့ အဆင့်တူတွေကို ၁ လ ကျပ် ၈ သိန်း၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို ၁ လ ကျပ် ၆ သိန်း ပေးသင့်တယ်လို့ ထည့်သွင်းထားပြီး အခြား ဥပဒေကြမ်းတခုမှာတော့ အမတ်တွေဟာ ဒုဝန်ကြီးတွေအဆင့် ၁ လ ကျပ် ၆ သိန်း ရသင့်တယ်လို့ ထည့်သွင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013