DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာသံတမန်အဖွဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းများကို သွားရောက်
DVB
·
November 13, 2013
နိုင်ငံတကာသံတမန်အဖွဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းများကို သွားရောက်
Donate to DVB

အမေရိကန်သံအမတ်ကြီး ဦးဆောင်တဲ့ နိုင်ငံတကာ သံတမန်အဖွဲ့တွေဟာ  ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့   ရခိုင်ပြည်နယ်အတွင်း သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Campနိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ မောင်တော၊ မြေပုံနဲ့ ပေါက်တောမြို့နယ်တွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ကြတာ ဖြစ်ပြီး၊ နှစ်ဘက် အဖွဲ့အစည်းတွေကို ပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်လို့  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ ဦးဝင်းမြိုင်က ပြောပါတယ်။

သံတမန်အဖွဲ့ စစ်တွေမြို့ရောက်တုန်း စစ်တွေဟိုတယ်မှာ တွေ့ဆုံခွင့်ရခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာရ်အန်ဒီပီ)က ဒေါ်အေးနုစိန်က ရခိုင်ပြည်နယ်မှာ  လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး မရသေးတဲ့အကြောင်း  ဆွေးနွေးခဲ့တယ်လို့ အခုလို ပြောပါတယ်။

“၁ နှစ်ကျော်အတွင်းမှာ ဒီလိုတွေ့ပေါင်းလည်း များပါပြီ။ ပြောပေါင်းလည်း များပါပြီ။ ကျမတို့မှာ ပြောရရင် စိတ်ဝင်တစား မရှိတဲ့အနေအထားတွေ၊ ညည်းငွေ့တဲ့အနေအထားတွေ ခံစားနေရတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ကျမတို့ မရနိုင်ဘူး။ ပြဿနာတခုဖြစ်လိုက် ပထမဆုံး အနေအထားလို ပြန်ရောက်လုဖြစ်လိုက်နဲ့ ရခိုင်ပြည်နယ်ရဲ့ အနေအထားက နဂိုကတည်းက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အစစနိမ့်ကျနေတဲ့အထဲ အခု လုံခြုံရေးရယ်၊ ငြိမ်းချမ်းရေးရယ်၊ လုံးဝမရှိတဲ့အနေအထားကို ကျမတို့ ခံစားလို့ မရတော့ဘူး။ အဲဒါတွေ ပြောဖြစ်တယ်။”

ဒီခရီးစဉ်မှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရဲ့ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်တို့လည်း သံတမန်တွေနဲ့အတူ လိုက်ပါသွားကြတာ ဖြစ်ပါတယ်။။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကတော့  ရခိုင်ပြည်နယ်အတွင်းက အစ္စလာမ့်ဘာသာဝင် မွတ်စလင်တွေရဲ့ လူဦးရေစာရင်း ကောက်ခံဖို့ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြဖို့  စစ်တွေမြို့က  အစ္စလာမ့်ဘာသာရေးခေါင်းဆောင်တွေကို  တိုက်တွန်းပြောကြားသွားပါတယ်။

နိုင်ငံတကာသံတမန်အဖွဲ့မှာတော့   အမေရိကန်၊ ဆွစ်ဇာလန်၊ ဗြိတိန်သံအရာရှိ စသူတို့ ပါဝင်ပြီး  ရခိုင်ပြည်နယ်အတွင်း နှစ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ကြကာ  ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်ဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013