DVB Logo
Home
မြန်မာသတင်း
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ရန်ကုန်မှာ ဆန္ဒပြ
DVB
·
November 12, 2013
Donate to DVB

နိုဝင်ဘာ ၁၂ ရက်နေ့ မှာ မြန်မာနိုင်ငံကို  လာရောက်ဖို့ စီစဉ်ထားတဲ့  အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စားလှယ်တွေရဲ့  ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မှာ ဒီနေ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။

z5ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နဲ့  ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားရှေ့မှာ သံဃာတော်တွေနဲ့ ရာနဲ့ချီတဲ့ လူပုဂ္ဂိုလ်တွေက  အိုအိုင်စီ ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည် ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ နေရာ ၂ နေရာ ခွဲပြီး ဆန္ဒပြ ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေတိဂုံဘုရား အရှေ့ဖက် မုဒ်ကနေ  မြို့တော်ခန်းမအထိ  လမ်းလျှောက်ချီတက် ဆန္ဒပြရာမှာ ပါဝင်တဲ့  မကွေးပရိယတ္တိစာသင်တိုက်က ဦးဆောင် သံဃာတော် ဦးပါမောက္ခက  ဆန္ဒထုတ်ဖော်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး  ခုလို  မိန့်ပါတယ်။

ဦးပါမောက္ခက “ဘုန်းကြီးတို့ ပြည်တွင်းရေးကိစ္စတွေကို လူမှုရေးနဲ့ ဘာသာရေးကိစ္စတွေကို ပြည်ပနိုင်ငံတွေက လာရောက်ပြီး စွက်ဖက်တာကို မလိုလားဘူး။ ဘုန်းကြီးတို့ နိုင်ငံမှာ အိုအိုင်စီ ရုံးစိုက်ရင် ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားပြီးတော့ လာနိုင်တယ်၊ အိုအိုင်စီရဲ့ ကိုယ်စားလှယ်တွေ လာပြီးတော့ ဘာသာရေးနဲ့ လူမှုရေးကိစ္စတွေ လာဆွေးနွေးမှာကို မလိုလားဘူး၊ မိမိနိုင်ငံ မိမိတို့ရဲ့ အုပ်ချုပ်မှု အောက်မှာသာလျှင် လိုလားတယ်။” လို့ မိန့်ကြားသွားတာ ဖြစ်ပါတယ်။

အလားတူ အင်းစိန်မြို့နယ်မှာလည်း လူ ၃၀၀ လောက် စုရုံးပြီး  အင်းစိန် ဂျီတီစီ ရှေ့ကနေ စတင်ကာ အင်းစိန် ၀ိုင်အိုင်တီကျောင်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

“အိုအိုင်စီကို မြန်မာနိုင်ငံတွင်းကို လုံးဝ ၀င်မလာစေချင်တာက နံပါတ် ၁ပေါ့။ နောက်တခုက မြန်မာနိုင်ငံသားဥပဒေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးတော့ အဂတိလိုက်စားတဲ့ ၀န်ထမ်းတွေရေ၊ာ မမှန်မကန် နိုင်ငံသား အဖြစ် ရယူချင်တဲ့ကောင်တွေကို ရော ထိထိရောက်ရောက် အရေးယူစေနိုင်ဖို့က ရည်ရွယ်ချက် ၂ ပေါ့ဗျာ။”လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲတွေကို  အစိုးရတာဝန်ရှိသူတွေဆီကနေ ခွင့်ပြုချက်ရရှိပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အိုအိုင်စီအဖွဲ့ရဲ့ ခရီးစဉ်မှာ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ တူရကီ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားစတဲ့ အိုအိုင်စီအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး ၇ ဦးနဲ့ အဖွဲ့ရဲ့ အဆင့်မြင့် အရာရှိတွေအပါအ၀င် အထွေထွေအတွင်းရေးမှူးတို့ လိုက်ပါလာမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်ကို သွားရောက်မှာလည်း ဖြစ်ပါတယ်။

အိုအိုင်စီရဲ့ အထွေထွေအတွင်းရေးမှူး   Ekmeleddin Ihsanoglu  က ရိုဟင်ဂျာ ပြဿနာအတွက် အဖြေတခု ရှာဖွေရာမှာ အဖွဲ့အစည်းအနေနဲ့ ဘယ်လောက် အလေးအနက် ထားသလဲဆိုတာကို ခရီးစဉ်က အစ္စလာမ်ကမ္ဘာကို ရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်တဲ့အကြောင်း ဆော်ဒီသတင်းဌာနတခုကို ပြောထားပါတယ်။

မြန်မာအစိုးရ ပြန်ကြားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး  ဦးရဲထွဋ်ကတော့ နိုင်ငံတကာ သံတမန် လုပ်ထုံးလုပ်နည်းအရ အိုအိုင်စီကို ဖိတ်ခေါ်တာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“အစိုးရအနေနဲ့ကလည်း အိုအိုင်စီက ရုံးဖွင့်ဖို့ ကိစ္စတွေနဲ့ ဘာမှ မဆိုင်ပါဘူး၊ နိုင်ငံတော် အစိုးရအနေနဲ့လည်း နိုင်ငံတော် အချုပ်အခြာအာဏာ ထိခိုက်မယ့် ကိစ္စလည်း လုပ်မှာ မဟုတ်ပါဘူး။ ဒါတွေကိုတော့ ပြည်သူတွေ နားလည်စေချင်ပါတယ်။ ပထမတော့ ပြန်လည် ထူထောင်ရေး လုပ်တဲ့နေရာတွေကို သူတို့ လေ့လာနိုင်အောင် စီစဉ်ပေးမှာပေါ့၊ အသိုင်းအ၀န်း ၂ ခုလုံးက ရပ်မိရပ်ဖတွေ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ရအောင် စီစဉ်ပေးမှာပေါ့။”

အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာတော့  ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရတာဝန်ရှိသူတွေနဲ့ လည်း  တွေ့ဆုံဖို့လည်း ရှိနေပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013