
ကမ္ဘာ့ထိပ်သီး စီးပွားရေးအင်အားကြီး ၇ နိုင်ငံအဖွဲ့ G7 ခေါင်းဆောင်တွေဟာ ထိပ်သီး အစည်းအဝေးရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန် ၁၇ ရက် နေ့လယ်စာစားချိန်မှာ ဉာဏ်ရည်တု AI က အမှန်တရားနဲ့ အမှားအယွင်းတွေကို ဘယ်လိုတင်ပြသလဲဆိုတာ အပါအဝင် ဉာဏ်ရည်တု အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
OpenAI တည်ထောင်သူ ဆမ်အော့တ်မန်းနဲ့ Anthropic ရဲ့ အမှုဆောင်အရာရှိချုပ် ဒါရီယို အမိုဒီတို့လည်း ရေကန်ဘေး အပန်းဖြေမြို့ အီဗီယွန် လေဘန်မြို့မှာ ကျင်းပတဲ့ တတိယမြောက်နေ့ အစည်းအဝေးကို တက်ခဲ့ကြပါတယ်။
ဥရောပဆိုက်ဘာလုံခြုံရေးအေဂျင်စီ Enisa က ဇွန် ၁၈ ရက်မှာ ဆန်ဖရန်စစ္စကိုမြို့မှာ Anthropic နဲ့ အစည်းအဝေးတခု ကျင်းပဖို့ စီစဉ်ထားလို့ ပြင်သစ်မှာ ဆွေးနွေးပွဲတွေကို ကျင်းပနေတာလို့ ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
အစည်းအဝေးက Anthropic ရဲ့ ဖိတ်ကြားချက်နောက်မှာ ဖြစ်ပေါ်လာတာပါ။ Anthropic က နိုင်ငံခြားသားတွေအတွက် အဆင့်မြင့်ဆုံး AI မော်ဒယ်တွေကို လက်လှမ်းမီခွင့်ပြုရေး ဆိုင်းငံ့ထားဖို့ လိုတဲ့ အမေရိကန်ပို့ကုန်ထိန်းချုပ်ရေး ညွှန်ကြားချက်မတိုင်မီ ဒီအစည်းအဝေးကို စီစဉ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
Source: Reuters










