DVB Logo
Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ် ဆရာ၊ဆရာမ ၄၆၅ ဦး တာဝန်က ယာယီရပ်ဆိုင်းခံရ
DVB
·
May 8, 2021
ရတနာပုံတက္ကသိုလ် ဆရာ၊ဆရာမ ၄၆၅ ဦး တာဝန်က ယာယီရပ်ဆိုင်းခံရ
Donate to DVB

မန္တလေးမြို့ရှိ တက္ကသိုလ်တစ်ခုဖြစ်တဲ့ ရတနာပုံတက္ကသိုလ်ဌာနအသီးသီးက ဆရာ၊ဆရာမ ၄၆၅ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တာဝန်က ယာယီရပ်ဆိုင်းခံရတဲ့အထဲမှာ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိကတို့ ပါဝင်ကြပါတယ်။

အလုပ်က ယာယီရပ်နားခံလိုက်ရတဲ့ ဆရာ၊ ဆရာမ တော်တော်များများဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ကျွန်ပညာရေးစနစ်ကို အလိုမရှိတာကြောင့် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ဒီလို အလုပ်က ယာယီရပ်ဆိုင်းရတာဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ လုံလောက်တဲ့အကြောင်းပြချက် မရှိဘဲ တာဝန်ချိန် ပျက်ကွက်တာကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀) နည်းဥပဒေခွဲ (က) နဲ့  နည်းဥပဒေ (၁၇၃) နည်းဥပဒေခွဲ (ခ) အရ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးတက္ကသိုလ်က ဆရာ၊ဆရာမ၊ ရုံးဝန်ထမ်း စုစုပေါင်း ၃၉၂ ဦး၊ မန္တလေးအဝေးသင်တက္ကသိုလ်က ဆရာ၊ဆရာမ ၈၅ ဦး၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်က ဆရာ၊ဆရာမ  ၉၄ ဦးတို့လည်း အလုပ်က ယာယီရပ်ဆိုင်းခံထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013