
အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ရခိုင်ပြည်နယ် စစ်တွေမြို့ကို လာရောက်မယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ စစ်တွေလူမှုကွန်ရက်က ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေပါတယ်။
စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော်က လူဦးရေ ၅၀၀ ဆန္ဒပြဖို့ တရားဝင် ခွင့်ပြုချက်တင်ထားပြီး ခွင့်ပြုချက်မရလည်း ကန့်ကွက်ဆန္ဒပြမယ်လို့ ဦးဆောင်သူဆရာတော် ဦးပညာသာမိက မိန့်ပါတယ်။
အိုအိုင်စီ အထောက်အပံ့နဲ့ လာရောက်လုပ်ကိုင်နေကြတဲ့ အန်ဂျီအိုနဲ့ အိုင်အန်ဂျီအိုတွေဟာ တဘက်စောင်းနင်း ကူညီစောင့်ရှောက်မှုတွေ လုပ်နေလို့ အခုလို ကန့်ကွက်ဆန္ဒပြမယ်လို့ ဆိုပါတယ်။











