DVB Logo
Home
မြန်မာသတင်း
အခွန်ဆောင်နောက်ကျသူများကို ဒဏ်ငွေရိုက်မည်ဟု စစ်ကောင်စီအကြမ်းဖက်အဖွဲ့ ခြိမ်းခြောက်
DVB
·
May 7, 2021
အခွန်ဆောင်နောက်ကျသူများကို ဒဏ်ငွေရိုက်မည်ဟု စစ်ကောင်စီအကြမ်းဖက်အဖွဲ့ ခြိမ်းခြောက်
Donate to DVB

အခွန်ထမ်းပြည်သူတွေအနေနဲ့ အခွန်ဆောင်တာနောက်ကျရင်  ဒဏ်ကြေးပေးဆောင်ရမယ်လို့  အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက အသိပေးကြေညာလိုက်ပါတယ်။ 

ပြည်တွင်းအခွန်များဦးစီးဌာနက ပုံမှန်ကောက်ခံနေတဲ့  အခွန်အမျိုးအစားတွေဖြစ်တဲ့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နဲ့ တံဆိပ်ခေါင်းခွန်စတဲ့အခွန်လေးမျိုးအတွက်  သတ်မှတ်ရက်အတွင်းအခွန် မပေးသွင်းရင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ  ဒဏ်ကြေးငွေပေးဆောင်ရမယ်လို့ စစ်ကောင်စီသိမ်းပိုက်ထားတဲ့ နိုင်ငံပိုင်သတင်းစာကနေ တစ်ဆင့် မေလ ၆ ရက်နေ့မှာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ  ကိုဗစ်ကာလအတွင်း အန်အယ်လ်ဒီ အစိုးရက သက်သာခွင့်ပေးခဲ့တဲ့ အခွန်အခတွေကို မေလဆန်းကစပြီး ပြန်လည်ကောက်ခံနေပါတယ်။

စစ်ကောင်စီကနည်းလမ်းမျိုးစုံနဲ့ပိုက်ဆံရဖို့ကြိုးစားနေတာဖြစ်ပြီး အခွန်ကောက်ခံတာတွေဟာ အခြေခံပြည်သူတွေအပေါ်အကျိုးသက်ရောက်မှုအများဆုံးဖြစ်လာမယ်လို့ စီးပွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013