DVB Logo
Home
မြန်မာသတင်း
မန္တလေးတက္ကသိုလ် အရာထမ်း အမှုထမ်း ၃၉၃ ဦး တာဝန်က ယာယီရပ်ဆိုင်းခံရ
DVB
·
May 7, 2021
မန္တလေးတက္ကသိုလ် အရာထမ်း အမှုထမ်း ၃၉၃ ဦး တာဝန်က ယာယီရပ်ဆိုင်းခံရ
Donate to DVB

မန္တလေးတက္ကသိုလ် ဌာနအသီးသီးက အရာထမ်း ၂၄၉ ဦးနဲ့ အမှုထမ်း ၁၄၃  ဦးတို့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက မေလ ၆ ရက်နေ့မှာ ကြေညာပါတယ်။

တာဝန်က ယာယီရပ်ဆိုင်းခံရတဲ့အထဲမှာ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိက တို့အပြင် စာရေး၊ နည်းပြ၊ သရုပ်ပြတွေလည်း ပါဝင်ပါတယ်။

အလုပ်က ယာယီရပ်နားခံလိုက်ရတဲ့ မန္တလေးတက္ကသိုလ် ဌာနအသီးသီးက အရာထမ်း အမှုထမ်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကျွန်ပညာရေးစနစ်ကို အလိုမရှိတာကြောင့် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ဒီလိုအလုပ်က ယာယီရပ်ဆိုင်းရတာဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ လုံလောက်တဲ့အကြောင်းပြချက်မရှိပဲ တာဝန်ချိန်ပျက်ကွက်တာကြောင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀) နည်းဥပဒေခွဲ (က) နဲ့  နည်းဥပဒေ (၁၇၃) နည်းဥပဒေခွဲ (ခ) အရ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013