
မြန်မာနိုင်ငံတဝန်းမှာ ဇွန် ၁ ရက်မှ ၂၅ ရက်အထိ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုကြောင့် ကလေး ၄ ယောက်အပါအဝင် အရပ်သား ၄၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ အချက်အလက်တွေအရသိရပါတယ်။
သေဆုံးသူတွေထဲမှာ ရခိုင်ပြည်နယ်က ၁၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက ၁၀ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
အဲဒီအထဲက ၃၀ ယောက်ကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဓိက သေဆုံးခဲ့ရတာပါ။
ဇွန် ၂၂ ရက် နေ့လယ်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာထဲကို ဗုံးကျရောက်ပေါက်ကွဲပြီး ဒေသခံ လားပြန်မောယာ ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ AAPP မှတ်တမ်းမှာ ဖော်ပြထားပါတယ်။










