DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ၉၉ ရာခိုင်နှုန်း ဖွဲ့စည်းပုံပြင်ရေး မဲပေး
DVB
·
November 10, 2013
ရန်ကုန်တိုင်းတွင် ၉၉ ရာခိုင်နှုန်း ဖွဲ့စည်းပုံပြင်ရေး မဲပေး
1 / 3
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ အသစ်ပြန်ရေးဆွဲရေး ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒတောင်းယူပွဲကြီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ညနေပိုင်း ရန်ကုန်မြို့ ဗိုလ်စိန်မှန် အားကစားကွင်းကြီးမှာ ပြုလုပ်ခဲ့ပြီး ၉၉ ရာခိုင်နှုန်းက ဖွဲ့စည်းပုံပြင်ရေး မဲပေးခဲ့ကြပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဆန္ဒခံယူပွဲကို ပြည်သူ ၂ သောင်းကျော် တက်ရောက်ခဲ့ကြပြီး လူ ၁၂၀ ကသာ ဖွဲ့စည်းပုံ အသစ်ရေးဆွဲရေးကို ဆန္ဒမဲပေးခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကတဦးဖြစ်တဲ့ ဦးတင်ဦး၊ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင်  ရှေ့နေ ဦးကိုနီ၊ ရှေ့နေ ဦးကျော်ဟိုး အစရှိသူတွေက ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စတင်ရေးဆွဲစဉ်ကတည်းက သန္ဓေမမှန်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တောက်လျှောက် ကန့်ကွက်ခဲ့ကြောင်း ဦးတင်ဦးက  ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေး ဆွဲမလားဆိုပြီး လူထုဆန္ဒခံယူပွဲတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအနှံ့မှာ  ပြီးခဲ့တဲ့ လဆန်းကတည်းကစတင် ကျင်းပနေတာဖြစ်ပြီး အများစုက ပြင်ဆင်ရေးကို ဆန္ဒမဲပေးခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်နယ်နဲ့တိုင်း ခရိုင်အသီးသီးမှာ အောက်ခြေထိ ဆင်းပြီး လူထု သဘောထားကောက်ယူမှုတွေကို လာမယ့် ဒီဇင်ဘာလလယ်လောက်ထိ ကျင်းပသွားမှာဖြစ်ပြီး ကောက်ခံရရှိတဲ့ သဘောထားတွေကို စုစည်းပြီး လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံ တင်ပြသွားဖို့ ရှိပါတယ်။

ဒီကော်မတီကလည်း ဖွဲ့စည်းပုံဆိုင်ရာ အကြံပြုချက်တွေကို မူလက နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထားပေးပို့ကြဖို့ လူထုကို တိုက်တွန်းထားရာက ခု ဒီဇင်ဘာ ၃၁ ရက်ထိ   ရက်ထပ်တိုးပေးကြောင်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013