DVB Logo
Home
မြန်မာသတင်း
အက်စ်အန်အယ်လ်ဒီ ၂၅ နှစ်ပြည့်ငွေရတု ကြေညာချက်ထုတ်
DVB
·
November 10, 2013
အက်စ်အန်အယ်လ်ဒီ ၂၅ နှစ်ပြည့်ငွေရတု ကြေညာချက်ထုတ်
Donate to DVB

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ၂၅ နှစ်ပြည့်ငွေရတုပွဲကနေ အချက်လေးချက်ပါ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်တာကျင်းပခဲ့တဲ့ ငွေရတုပွဲကို ပါတီဝင် ၁၀၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပြီး အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (အက်စ်အန်ဒီပီ) ကို ပါတီနှစ်ခု ပူးပေါင်းရေး ကမ်းလှမ်းသွားမယ်၊ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ သင့်မသင့် အက်စ်အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့က လေ့လာသုံးသပ်မယ် စတာတွေအပါအ၀င် အချက် ၄ ချက်ကို ထုတ်ပြန်လိုက်တာပါ။

ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ အက်စ်အန်အယ်လ်ဒီ ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီ ပြီးရင် ဒုတိယမဲအများဆုံး အနိုင်ရတဲ့ တိုင်းရင်းသားပါတီတခု ဖြစ်ပါတယ်။

အက်စ်အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့  အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် အပါအ၀င် ရှမ်းခေါင်းဆောင် ၈ ဦးဟာ ၂၀၀၅ ခုနှစ်တုန်းက ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်လို့  စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် အခြားစွဲဆိုချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကြေညာချက်အပြည့်စုံ


Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013