မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ပဲလေ့စ်နဲ့ပွဲမှာ အသင်းရဲ့ လူစာရင်းကို ၆ နေရာအထိ အပြောင်းအလဲလုပ်ပြီး စွန့်စားခဲ့ပေမဲ့ (၃-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံဆုကို ရာသီပိတ်ပွဲအထိ ဆက်လက်မျှော်လင့်ခွင့်ရသွားစေပါတယ်။
ဒဏ်ရာရနေတဲ့ ဂါဗာဒီယို အပြင် ဖိုဒန်နဲ့ မားမောက်ရှ်တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။
ဒီပွဲမှာ အဓိကခြေစွမ်းပြခဲ့တဲ့ ဖိုဒန်က ဆီမင်ယိုနဲ့ မားမောက်ရှ်တို့ရဲ့ ဂိုးတွေအတွက် ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ဖလား အင်္ဂလန်လူစာရင်းဝင်ဖို့ အခွင့်အရေး ပိုများလာခဲ့ပါတယ်။
အသင်းအတွက် တတိယဂိုးကိုတော့ ဆာဗင်ဟိုက သွင်းယူပေးခဲ့ပြီး အာဆင်နယ်ကို ဖိအား ဆက်လက်ပေးနိုင်ခဲ့ပါတယ်။











