DVB Logo
Home
မြန်မာသတင်း
ကျုံပျော်တောင်သူများ အမှန်တရားပေါ်ပေါက်ရေး ဆန္ဒပြ
DVB
·
November 9, 2013
ကျုံပျော်တောင်သူများ အမှန်တရားပေါ်ပေါက်ရေး ဆန္ဒပြ
1 / 4
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့မှာ တရားရုံးစရိတ်များလို့ အယူခံဝင်ခွင့် စွန့်လွှတ်လိုက်ရပြီး အမှုရှုံးခဲ့ရတဲ့ တောင်သူတွေက အမှန်တရားပေါ်ပေါက်ရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီနေ့ မနက်ပိုင်းက ကျုံပျော်မြို့နယ် ပျဉ်းမပင်လှကျေးရွာအုပ်စုက တောင်သူ မိသားစု ၂၀ လောက်ဟာ တရားဝင် ဆန္ဒဖော်ထုတ်ခွင့် တောင်းခံပြီး ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒရာမှာ ပါဝင်တဲ့ ဦးလှိုင်ကြီးက “ပွဲရုံနဲ့ တောင်သူနဲ့ ပဲပေး၊ စပါးပေး ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်တရားရုံး ခရိုင်တရားရုံး၊ တိုင်းတရားရုံးကို ဆင့်ကဲဆင့်ကဲ ၂ ကြိမ်၊ ၃ ကြိမ် တက်ရတော့ ကျနော်တို့ တောသူတောင်သားတွေရဲ့ လယ်ယာလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ အခက်အခဲတွေတော့ ဗဟိုတရားရုံးကို ကျနော်တို့ ဆက်မတက်နိုင်တော့တဲ့အတွက် အခုလို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ တောင်သူတွေက စပါးဘိုးကို ငွေတိုးဖြင့် မတရားယူသော ပွဲရုံအလိုမရှိ၊ ပဲပေး၊ စပါးပေး ပဲပေးအား တင်းတိုး၊ ခွဲတိုး၊ ဆတိုးမောင်းပြန် ယူသော ပွဲရုံအားအလိုမရှိ စတာတွေအပါအ၀င် စာတန်းတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်ကိုလည်း အသနားခံစာ တင်ထားတယ်လို့ ဦးလှိုင်ကြီးက ပြောပါတယ်။

“လွဲမှားတာက ပေးဆပ်တဲ့ဟာတွေလည်း မပေးဘူးလို့ ရေးချတယ်။ မယူတဲ့ဟာတွေကိုလည်း ဘောက်ချာအတုနဲ့ သူ့ဘက်က တင်ထားတာတွေကိုလည်း အတည်ပြုပေးတယ်။ အဲဒါကြောင့်မို့လို့ မူလတရားရုံးရဲ့ လွဲချော်မှုတွေ ရှိတယ်ဆိုပြီးတော့ အခုလို နိုင်ငံတော်သမ္မတကြီးနဲ့ ဌာန ဆိုင်ရာအဆင့်ဆင့်ကိုလည်း အသနားခံရတာပါပဲ။”

အမှုဖြစ်စဉ်မှာ ပွဲရုံနဲ့ ပဲစပါးအပ် မျိုးစပါး ပြန်ယူ အပြင် ငွေပေး ငွေယူတွေ ရှိရာက ၂၀၁၀ ခုနှစ်မှာ တရားမမှု ဖြစ်ခဲ့ပြီး တရားပြိုင် ဦးလှိုင်ကြီးဘက်က ခိုင်လုံတဲ့ သက်သေတွေနဲ့ ရင်ဆိုင်ခဲ့ပေမယ့် ရှုံးခဲ့တဲ့အပြင် တရားပြိုင်ရဲ့ဇနီးနဲ့ ဖခင် တွေ ပိုင်ဆိုင်တဲ့ အိမ်တွေခြံတွေကိုပါ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သိမ်းယူမယ့်အထဲ ထည့်သွင်းခဲ့တဲ့အတွက်  အခုလို ဆန္ဒထုတ်ဖော်ကြတာပါ။

ကျုံပျော်မြို့ မြတ်ချမ်းသာဘုရားမှ ဗိုလ်ချုပ်လမ်းအတိုင်း စည်ပင်ပန်းခြံ အထိ အသွားအပြန် ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013