DVB Logo
Home
မြန်မာသတင်း
တရားသူကြီးနှင့်ရှေ့နေအချို့ အကြမ်းဖက်စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်မည်
DVB
·
May 3, 2021
တရားသူကြီးနှင့်ရှေ့နေအချို့ အကြမ်းဖက်စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်မည်
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံမှ တရားစီရင်ရေးမဏ္ဍိုင်ပြိုလဲသွားပြီဖြစ်တဲ့အတွက် အကြမ်းဖက်စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်ဖို့ စစ်သင်တန်းတက်နေတယ်လို့  စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် တွဲဖက်တရားသူကြီး ဦးကောင်းမြတ်သူက  ပြောပါတယ်။

ဦးကောင်းမြတ်သူကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အကြမ်းဖမ်းစစ်ကောင်စီက ၅၀၅(က)နဲ့ အမှုဖွင့်တရားစွဲဆိုထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ဦးကောင်းမြတ်သူကို မဖမ်းနိုင်တဲ့ အတွက် သူ့ရဲ့မိခင်ကို ဧပြီ ၂၇ ရက်နေ့က ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

ဦးကောင်းမြတ်သူက "ကျနော်ဆက်လုပ်ရမယ့် ပြောက်ကျားတော်လှန်ရေးတွေဘက်ကို စိတ်နှစ်လုပ်နေပြီး အမေ့ဖြစ်စဉ်ကိုလည်း မသိသလိုမေ့ထားပါတယ်" လို့ ပြောပါတယ်။

ရန်ကုန်မြို့အခြေစိုက် လူငယ်ရှေ့နေတွေဟာလည်း မတရားဖမ်းဆီးခံရသူတွေရဲ့အမှုတွေကို ဥပဒေကြောင်းအရ ကူညီဖြေရှင်းပေးဖို့မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ဆန္ဒပြသူတွေကို ဖမ်းဆီးနေရုံမက အဖမ်းခံရသူတွေလွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုပါဖမ်းဆီးထောင်ချနေတာဖြစ်ပါတယ်။

ဒါကြောင့် လူငယ်ရှေ့နေတွေနဲ့ ဥပဒေသမားတချို့ကလည်း လက်နက်ကိုင်တော်လှန်တဲ့ လမ်းစဉ်ကို ရွေးလိုက်ပြီလို့ ပြောကြပါတယ်။

"ဥပဒေကြောင်းအရ ရှေ့နေလိုက်ပေးတာက အလုပ်မဖြစ်တော့ဘူး။ သက်ဆိုင်ရာ Unit အလိုက် အစုအဖွဲ့တွေဖွဲ့ထားပါတယ်။ နောက်ပိုင်းမှာ Federal Army  နဲ့ပူးပေါင်းပါမယ်" လို့ ရန်ကုန်အခြေစိုက် လူငယ်ရှေ့နေတစ်ဦးက ပြောပါတယ်။

တရားရေးမှာ ခရိုင်အဆင့်တရားသူကြီး ၃ ဦးအပါအဝင် တရားသူကြီး ၄၀ ကျော်နဲ့ အခြားအဆင့်ဝန်ထမ်း စုစုပေါင်း ၂၀၀ နီးပါး CDM မှာပါဝင်နေကြပြီး သူတို့ကို အလုပ်ပြန်ဝင်ဖို့ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013