DVB Logo
Home
မြန်မာသတင်း
မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ချီတက်ဆန္ဒပြ
DVB
·
May 3, 2021
မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ချီတက်ဆန္ဒပြ
1 / 15
Donate to DVB

မနေ့က အကြမ်းဖက်စစ်အုပ်စုရဲ့ ဖြိုခွင်းဖမ်းဆီးတာတွေခံရတဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မေ ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် မန္တလေးမြို့ က လမ်းတွေပေါ် အင်အားအလုံးအရင်းနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကြောင်းမှာ အခြေခံပညာ ပညာရေးဝန်ထမ်းတွေ၊ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ အလံတော်အသစ်နဲ့အတူ ပညာရေးမိသားစုသပိတ်စစ်ကြောင်းအပါဝင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ (ဗ.က.သများအဖွဲ့ချုပ်)၊ အမပူရမြို့နယ်သမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)၊ အထက-၇ (မန်း)ကျောင်းသား/သူဟောင်းများသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ချီတက်ရာမှာလည်း စစ်အာဏာရှင်အမြစ်ဖျက်ချေမှုန်းရေး၊ စစ်ကျွန်ပညာရေး စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပညာရေးစနစ်ပေါ်ပေါက်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက် မေလ ၂ ရက်နေ့က စတင်ချီတက်နေတဲ့အချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ရောက်လာပြီး ကားနဲ့ တိုက်ကာ ဖြိုခွင်းခံခဲ့ရပါတယ်။ ဆန္ဒပြသူ ၅ ဦး ဖမ်းဆီး ထိမ်းသိမ်းခံလိုက်ရပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013