DVB Logo
Home
မြန်မာသတင်း
မြန်မာရဲတပ်ဖွဲ့ကို အီးယူသင်တန်းပေးတာဟာ ပိတ်ဆို့ဒဏ်ခတ်မှုကို ချိုးဖောက်ခြင်းဟုဆို
DVB
·
November 8, 2013
မြန်မာရဲတပ်ဖွဲ့ကို အီးယူသင်တန်းပေးတာဟာ ပိတ်ဆို့ဒဏ်ခတ်မှုကို ချိုးဖောက်ခြင်းဟုဆို
Donate to DVB

လူစုလူဝေးကို စနစ်တကျ ထိန်းသိမ်းဖို့  အီးယူ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သင်တန်း ပေးတာဟာ  မြန်မာအပေါ် လက်နက်တင်ပို့မှု  ပိတ်ပင်ထားတာကို ချိုးဖောက်မှု တခု ဖြစ်နိုင်တယ်လို့  တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

[caption id="attachment_44252" align="alignleft" width="300" caption="ျမန္မာ့ရဲ"][/caption]

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဥရောပသမဂ္ဂက မြန်မာအပေါ် လက်နက် တင်ပို့ခွင့်ကို အခုထိ ပိတ်ပင်ထားခဲ့ပေမယ့် နိုဝင်ဘာ ၄ ရက်နေ့က မြန်မာရဲတပ်ဖွဲကို  လူစုလူဝေးကို စနစ်တကျ ထိန်းသိမ်းဖို့ ဥရောပ သမဂ္ဂက ပေးတဲ့ သင်တန်းဖွင့်ပွဲရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီးတဲ့နောက် တက်ကြွလှုပ်ရှားသူ တွေက အခုလို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူ များအဖွဲ့က ဦးစိုးအောင် ကတော့ မြန်မာရဲတပ်ဖွဲကို ဥရောပမသမဂ္ဂက သင်တန်းသွားပေးတာက ချမှတ်ထားတဲ့ လက်နက် ရောင်းချ ပိတ်ပင်တားမြစ်ထားတဲ့ မူဝါဒကို ထိခိုက်နိုင်တယ်လို့ ယူဆရတဲ့အကြောင်း ဒီဗွီဘီကို ပြောပါတယ်။

ဦးစိုးအောင် က “သူတို့ ပြောထားတဲ့ စံတွေ သူတို့ချမှတ်ထားတဲ့ မူတွေကို မလိုက်နာပဲနဲ့ နှစ်ဖက်ခွ ကျင့်သုံးတဲ့ပုံစံမျိုးရတယ်လို့ ယူဆလို့ရပါတယ်။ အဲဒီလို လုပ်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အီးယူအနေနဲ့ တကယ်တမ်း ပြုပြင်ပြောင်းလဲရေးကို လိုလားလို့ လုပ်နေတာလား။ ဒါမှမဟုတ် သူတို့က နာမည်ကောင်းရဖို့အတွက်ပဲ ဒီကိစ္စကို ဦးတည်ပြီးတော့မှ လုပ်နေလားဆိုပြီးတော့မှ သဘောထားချရမယ့် အခြေအနေတွေ ရှိလာနိုင်မယ့်လို့ ယူဆတယ်။”လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာ အရေးယူ ဆောင်ရွက်မှုတွေအပေါ်ကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

အစိုးရ အရာရှိတွေရဲ့ ဥရောပခရီးစဉ်အတွင်း ဥရောပသမဂတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သင်တန်းပေးဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်သလို အဓိကရုဏ်း ချပ်ဝတ်တန်ဆာတွေကိုလည်း ထောက်ပံ့ ပေးခဲ့တာဖြစ်တယ်လို့ အစိုးရပိုင် သတင်းစာမှာ ရေးပါတယ်။

နိုဝင်ဘာ ၅ ရက်ကနေ ၂၀ ရက်အထိကြာမြင့်တဲ့ သင်တန်းကို မင်္ဂလာဒုံမှာ ပြုလုပ်မှာ ဖြစ်ပြီး အရာရှိနဲ့ တခြားအဆင့်ရှိတဲ့ ရဲ တပ်ဖွဲ့ဝင် ၂၀၀ လောက် တက်ရောက်ကြမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြင့်တင်ဖို့အတွက် စီမံကိန်း ကာလက ၁၈ လကြာမြင့်မှာ ဖြစ်ပြီး ဥရောပ ယူရိုငွေ ၁၀ သန်းထောက်ပံ့မှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013