DVB Logo
Home
မြန်မာသတင်း
ဖိလစ်ပိုင်တိုင်ဖုန်းမုန်တိုင်း မြန်မာပြည်ကို မဖြတ်ဟု မိုးဇလပြော
DVB
·
November 8, 2013
ဖိလစ်ပိုင်တိုင်ဖုန်းမုန်တိုင်း မြန်မာပြည်ကို မဖြတ်ဟု မိုးဇလပြော
Donate to DVB

ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်နေတဲ့ အင်အားပြင်း စူပါတိုင်ဖုန်းမုန်တိုင်းဟာ လတ်တလောအနေအထားအရတော့ မြန်မာပြည်ဘက် လာဖို့မရှိသေးဘူးလို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ပြောပါတယ်။

[caption id="attachment_46050" align="alignleft" width="300" caption="A graphic from the U.S. Naval Observatory showing the expected track of Typhoon Haiyan."][/caption]

ဟိုင်ယန်အမည်ရှိတဲ့ စူပါ တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ အရှေ့တောင်ဘက် မိုင် ၃၇ လောက်ဝေးတဲ့ ဆမာကျွန်းကမ်းရိုတန်ကို တနာရီ  ၁၉၅ မိုင်နှုန်းလောက်နဲ့ ဒီနေ့ တိုက်ခတ်သွားတာပါ။

ဒီမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံဘက်ကို ဦးတည်နေပေမယ့် မြန်မာနိုင်ငံဘက်ကို လာဖို့ မရှိဘူးလို့ မိုးလေ၀သနဲ့ ဇလဗေဒဌာန ညွန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“ကျနော်တို့ရထားတဲ့ ပုံအရ မြန်မာနိုင်ငံ မပါဘူး။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းကို ဖြတ်မယ်။ နိုဝင်ဘာ ၁၀၊ ၁၁ ဗီယက်နမ် ကမ်းရိုးတန်း အလယ်ပိုင်းကို ဖြတ်မယ်ဆိုတဲ့အထိပဲ ကျနော်တို့ တွေ့သေးတယ်။ ဟိုချီမင်းကိုဖြတ်ရင် ရှမ်းပြည်နယ်ဘက် မိုးရွာနိုင်တယ်။ အဲဒီထဲက ကွဲထွက်သွားမယ်ဆိုရင်တော့ ၂ ပိုင်းပြတ်သွားမယ်။ ၁ ပိုင်းက မြောက်ဘက်ကိုသွားပြီး ၁ ပိုင်းက အနောက်တောင်ဘက်ကို ဆင်းသွားမယ်။ အခုလောလောဆယ် ဖိလစ်ပိုင်ကို ဖြတ်နေတယ်၊ ၁၂ ရက်နေ့လောက်ဆို ဗီယက်နမ်နိုင်ငံ ဟနွိုင်နားကို ရောက်မယ်။ ကျနော်တို့ဘက်ကို လာဖို့တော့ မရှိဘူး။ ဗီယက်နမ်ကမ်းခြေကို ဖြတ်ရင်တော့ ကျနော်တို့ အလေးထားရမယ်။ ခန့်မှန်းချက်က လွဲရင်လည်း လွဲနိုင်တယ်။ အောက်ဆိုက်ပြီးတော့ ဖြတ်ရင် မြန်မာနိုင်ငံအတွက် သတိထားရမယ်။”

ဖိလစ်ပိုင်က လာတဲ့သတင်းတွေမှာတော့ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး လေပြင်းတွေကြောင့် သစ်ပင်တွေ အမြစ်က ပြုတ်ထွက်ကုန်ပြီး  လူနေအိမ်တွေလည်း ပြိုကျ ပျက်စီးကုန်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ဒီနေ့ မွန်းလွဲပိုင်းအချိန် ရရှိတဲ့အခြအနေဖြစ်ပြီး လူထိခိုက်သေဆုံးမှုအရေအတွက်  တွေ ထပ်တိုးလာနိုင်ဖွယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ် အင်အားပြင်းမုန်တိုင်း ၂၀ လောက် တိုက်ခတ်လေ့ရှိတာဖြစ်ပြီး အမေရိကန် မိုးဇလဌာနရဲ့ အပြောအရတော့ ခုတိုက်ခတ်နေတဲ့ ဟိုင်ယန်မုန်တိုင်းဟာ ကမ္ဘာမှာ စတုတ္တ အင်အားအပြင်းဆုံး မုန်တိုင်းတွေထဲက တခုဖြစ်တယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013