DVB Logo
Home
မြန်မာသတင်း
မြနန်းစံကျော် ရွှေနန်းတော်ကြီး ပြင်မည်
DVB
·
November 8, 2013
မြနန်းစံကျော် ရွှေနန်းတော်ကြီး ပြင်မည်
Donate to DVB

မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီးကို သမိုင်းဝင် အဆောက်အအုံအဖြစ် ပြောင်းလဲဖို့အတွက်  ပြင်ဆင်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။

[caption id="attachment_46135" align="alignleft" width="300" caption="Photo by reenoemann"][/caption]

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီးဌာန တိုင်းဝန်ကြီး ဒေါက်တာမြင့်ကြူ ဦးဆောင်ပြီး မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်က ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးမှာ စာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံ ပြောကြားလိုက်တာပါ။

တိုင်းဝန်ကြီး ဒေါက်တာ ဦးမြင့်ကြူက “အစီအစဉ်ကတော့ သမိုင်းဝင်အဆောက်အအုံ ဖြစ်ပြီး နိုင်ငံခြားသားတွေကို စွဲဆောင်မှု ရှိအောင် ကျနော်တို့ လုပ်ဖို့ ရှိပါတယ်။ အခု ပထမဆုံးလုပ်မှာကတော့ ခုနပြောတဲ့ ပြုပြင်ရမယ့်ဟာတွေကို ပြုပြင်ဖို့ ရှိတယ်။ ပထမ ဦးစားပေးအနေနဲ့ ပြတိုက်ကြီးက ပိုအရေးကြီးတဲ့အတွက် ဒါကို ကျနော် အထူးပြုပြင်ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

မြနန်းစံကျော် ရွှေနန်းတော်ကြီး ပြုပြင်ဖို့အတွက် ကျပ်ငွေသိန်းပေါင်း ၁၅၀၀ လောက် ကုန်ကျမှာ ဖြစ်ပြီး လက်ရှိ ၀င်ခွင့်ကောက်ခံရရှိငွေအရ ကျပ်သိန်း ၁၂၀ သာ ရှိတဲ့အတွက် လိုအပ်တာတွေ အထက်ကို တင်ပြတောင်းဆိုပြီးရင် ပြင်ဆင်မှုတွေ စလုပ်တော့မယ်လို့ ပြောပါတယ်။

ရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူး ဦးဇော်ဦးလှိုင်က  “အဲဒါတွေကို ပြန်လည်ပြီးတော့ ပြင်ဆင်တဲ့နေရာမှာ ၀န်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ပြင်တာတွေ ရှိတယ်။ အဓိကကတော့ ကျနော်တို့က ၂ ခု ခွဲထားတာပေါ့။ ဂေါပကနေ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရှေးဟောင်းအဆောက်အအုံတွေ ရှိပါတယ်။ ကျနော်တို့ဌာနအနေနဲ့ ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ ရှေးဟောင်းအဆောက်အအုံတွေ ရှိပါတယ်။” လို့ ပြောပါတယ်။

မြနန်းစံကျော် ရွှေနန်းတော်ကြီး ပြင်ဆင်မှုကို ပုဂ္ဂလိကကို လွှဲပြောင်းပေးသင့်၊ မသင့် မစီစဉ် ရသေးကြောင်းနဲ့ ပြင်ဆင်မှု ပြီးဆုံးသွားရင် မန္တလေးက နန်းတော်အတွင်း ၀င်ထွက်သွားလာရာမှာ မှတ်ပုံတင်ပြပြီး ၀င်ထွက်နေရတဲ့ အခက်အခဲတွေကိုလည်း ဖြေလျော့ပေးဖို့ ရှိတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013